5

1.2K 177 0
                                    

Uni

The Throne(ရာဇာပုလ္လင်)
အပိုင်း-၅

'ကြင်ယာတော်မင်းသား ရောက်လာပါတယ် မယ်မယ်ကြီး'

'တံခါးဖွင့်ပေးလိုက်'

'ဟုတ်ကဲ့ မယ်မယ်ကြီး'

အစိမ်းရောင် သစ်သားတံခါးလေး ပွင့်သွားသည့်နောက်တွင် အဖြူရောင်ပိုးသားဝတ်စုံ ဝတ်ထားသော ဝမ်အွန်း ဝင်လာခဲ့သည်။ပိတ်စတွင် ချည်ထိုးထားသော ငွေရောင်အရိပ်လေးများက ဝမ်အွန်း လမ်းလျှောက်လိုက်တိုင်း အလင်းရောင်ကြောင့် ထင်းခနဲပေါ်လာသည်။

'မယ်တော့်ကို ဂါရဝပြုပါတယ်'

'ထိုင်လေ သားတော်'

ဝမ်အွန်း သူ့နေရာတွင် ထုင်လိုက်ပြီးနောက်တွင် နန်းတွင်းအပျိုတော်တွေက လက်ဖက်ရည်နှင့် မုန့်ပွဲများချပေးသွားသည်။

'မယ်မယ် နေကောင်းရဲ့လား။ပိန်သွားသလိုပဲ'

'ဒီလိုပါပဲသားရယ်။အသက်ကြီးပြီဆိုတော့'

'သားကြောင့်ဆိုရင်တော့ စိတ်ဆင်းရဲမခံနဲ့နော်။သားအဆင်ပြေတယ်'

'မယ်မယ် သိပါတယ်။မယ်တော့်ရဲ့ အွန်းလေး က ဘယ်လောက်တောင် စိတ်ဓာတ်ခိုင်မာတဲ့သူလဲ'

'အဲ့လောက်လည်း မဟုတ်ပါဘူး'

အွန်းလေး စကားပြောစရာရှိနေတာကြောင့် မယ်မယ်ကြီး ကို အရိပ်အကဲလှမ်းပြလိုက်သည်။

'အားလုံးထွက်သွားကြ'

'ဟုတ်ကဲ့ မယ်မယ်ကြီး'

လူတွေအကုန်ထွက်သွားတော့မှ ဝမ်အွန်း စာတစ်စောင်ကို လှမ်းပေးသည်။

'ဒီရက်ပိုင်း ယောလ်လေး လာသေးလား'

မယ်မယ်ကြီး စာဖတ်နေတုန်း ဝမ်အွန်း မေးလိုက်သည်။

စာထဲတွင်ပါသည့်အကြောင့်အရာမှာ အပျိုတော်နှင့်ရဲမက် နာမည်တွေရေးထားသည်။

'မင်းကြီးဆီက နန်းတွင်းအပျိုတော်ကိစ္စ စီမံခန့်ခွဲရမယ်ဆိုတဲ့ အမိန့်စာပဲရောက်လာတယ်'

'ဒါဆို မယ်တော့်ဆီ မရောက်လာသေးဘူးပေါ့'

မယ်မယ်ကြီးက ခေါင်းငြိမ့်ပြတော့ ဝမ်အွန်း မျက်နှာတင်းသွားသည်။

The ThroneWhere stories live. Discover now