Part 1

6.1K 328 43
                                    

ကိုယ်အခုအချိန်တွေကိုနောက်ပြန်ရစ်ချင်မိတယ်မင် မင်နဲ့စတွေ့ခဲ့တဲ့ တက္ကသလိုလ်တက်တဲ့နှစ်ကို နောက်ပြန်ရစ်ရမလား လွန်ခဲ့တဲ့၅နှစ်ကိုယ်တို့မင်္ဂလာဆောင်တဲ့အချိန်ကိုနောက်ပြန်ရစ်မရလား ကိုယ်မခွဲခြားတတ်တော့ဘူးမင်

မင့်ကို ခုလိုမခွဲနိုင်တဲ့အထိမချစ်ချင်ရင်တော့ ၂၀၁၀ ကိုယ်တို့အတက္ကသလိုလ်စတတ်တဲ့နှစ်ကိုပြန်သွားမိမယ်ထင်တယ် ကိုယ့်လို အရာရာပြည့်ဆုံနေတယ်ဆိုပြီး ဂုဏ်မောက်နေတဲ့လူတစ်ယောက်ကို မင်ကပြုပြင်ပေးခဲ့တယ် အချစ်ကိုမယုံကြည်တဲ့ကိုယ့်ကို မင်ကပဲချစ်တတ်အောင်သင်ပေးခဲ့တယ်

မင်အခုလိုထွက်မသွားအောင်တားချင်ရင်တော့ကိုယ် လွန်ခဲ့တဲ့၅နှစ်ကိုနောက်ပြန်ရစ်မိမယ်ထင်ပါရဲ့ ကိုယ့်အမှားကြောင့် မင်ကိုယ့်အနားကထွက်သွားခဲ့ပြီ

လူတွေပြောကြတဲ့ ဆုံးရှုံးလိုက်ရမှ တန်ဖိုးသိတယ်ဆိုတာကိုယ့်အတွက်ထင်ပါရဲ့
နောင်မှရတဲ့နောင်တ တွေနဲ့ ကိုယ်ရှင်သန်နေရတယ်မင် ကျေးဇူးပြုပြီး ပြန်လာပေးပါ

မင်ကိုယ့်ကိုပြောခဲ့တဲ့စကား
"မင်ကစိတ်အရမ်းမာတယ် မင်အပေါ်သစ္စာမရှိတဲ့လူကိုမင်ဆွဲမထားတတ်ဘူး "
"လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာ ဖောက်ပြန်ကြတဲ့လူတွေလဲအဲ့လိုပဲ ဘယ်သူကဘယ်လောက်မြူဆွယ်နေပါစေ ကိုယ့်ဘက်က စိတ်ပါမှဖြစ်တဲ့ကိစ္စလေ"
"မင်ဖောက်ပြန်တတ်တဲ့လူတွေကိုသိပ်မုန်းတယ် ဒါကြောင့်ကိုကိုက မင့်တစ်ယောက်ထဲကိုပဲသစ္စာရှိပေးပါ"တဲ့ ကိုယ်မင်မ​ကြိုက်တဲ့ကိစ္စမှရွေးလုပ်ခဲ့မိတယ်ထင်ပါတယ် မင် အခုမင်ကိုယ့်အနားကထွက်သွားခဲ့ပြီ ပြန်တောင်လှည့်မကြည့်တော့ဘူး ကိုယ်ဘယ်လိုဖြစ်နေပါစေ လုံးဝပြန်လှည့်မကြည့်တော့ဘူးလားမင်
အခု မင်မရှိတဲ့ 2020မှာကိုယ်တကယ်မပျော်ဘူးမင်
-----------------------------------------------------------

2010 ခုနှစ်.....

ကျွန်တော်တက္ကသလိုလ်ပထမနှစ် ကျွန်တော်ကချမ်းသာတဲ့မိသားစုမွေးဖွားလာသူပီပီ အဆင့်အတန်းခွဲခြားတတ်တယ် ။ဒါကြောင့်ကျွန်တော့်မှာသူငယ်ချင်းအများကြီးမရှိဘူး။ငယ်ငယ်ကတည်းကပေါင်းလာတဲ့ Yoongi နဲ့ Hosoek ပဲရှိတယ်။Min Yoongiက ဆောက်လုပ်ရေးလုပ်ငန်းစု Min ရဲ့ တစ်ဦးတည်းသောသား ။ Jung Hosoek ကတော့ Jung စီးပွားရေးလုပ်ငန်းစုရဲ့ တစ်ဦးသောသား။ မိဘချင်းကလဲသူငယ်ချင်းတွေ။
ကျွန်တော်တို့သုံးယောက်က ကျောင်းရဲ့လူဆိုးလေးတွေပေါ့။ လူဆိုးဆိုပြီး အထင်မသေးနဲ့ စာ ဆိုလဲ Top 10ထဲကမဆင်း အားကစားဆိုလဲအကုန်ရတဲ့ကျွန်တော်တို့။
အဲ့နေ့ ကျွန်တော်လုံးဝမေ့မရတဲ့နေ့ပေါ့။
ထုံးစံအတိုင်း ကျွန်တော်တို့ ကျောင်းသားတစ်ယောက်ကို မုန့်ဝယ်ခိုင်းနေတဲ့အချိန်...

But I love you || Completed ||Where stories live. Discover now