"အွန်း ပြီးရော"

Kyung Soo. Yeol ပုခုံးကိုမှီပြီး ခနပြန်မှေးနေလိုက်တယ်
၁၅ မိနစ် ၂၀ မိနစ်လောက်

Yeol ခေါင်းငုံ့နေတဲ့ Kyung Soo မျက်နှာလေးကို အပေါ်စီးကကြည့်မိတယ်
နှုတ်ခမ်းထူထူလေးတွေက ပါးဖောင်းဖောင်းလေးတွေကြားမှာ နစ်ဝင်နေသလိုပဲ ထင်းနေအောင်မြင်နေရတာ

အဝါရောင် ဘဲရုပ်Pajamasလေးရဲ့ အင်္ကျီလက်ရှည်အောက်ကထွက်နေတဲ့ ဖောင်းပြည့်ပြည့်လက်ချောင်းလေးတွေကစ မြတ်နိုးဖွယ်ရာအတိ
နားရွက်နောက်ဘက်မှာ ရေးတေးတေးပေါ်နေတဲ့ မှည့်နက်လေးက ဆံစတိုလေးတွေကြောင့် ပိုပြီးထင်းနေသလိုပဲ

"ငယ် ထရတော့မှာလား"

မျက်လုံးလေးလှန်ပြီးမေးနေတဲ့ Kyung Soo ကြောင့် Yeol ငုံ့ကြည့်လိုက်တယ်
မျက်နှာချင်းက တကယ့်ကိုနီးနီးလေးရယ်
Yeol နှုတ်ခမ်းက Kyung Soo နဖူးနဲ့ ထိတော့မလိုပဲ

"အင်း ထတော့"

"ဟွန့်"
ဆိုပြီး ကုတင်ပေါ်က ခြေဆောင့်ပြီးဆင်းသွားတဲ့ Kyung Soo ရေချိုးခန်းထဲမှာ ပေါက်ပေါက်ဖောက်နေမှာ မြင်ယောင်သေးတယ်

သေချာတာပေါ့ သွားတိုက်နေလို့ ပါးစပ်မအားတဲ့အချိန် စိတ်ထဲကနေပြောမှာ
Doh Kyung Soo ပဲလေ

Kyung Soo ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းကနေထွက်လာတော့ Yeol မရှိတော့ဘူး
လိုက်ရှာသေးတယ် အောက်ထပ်မှာလည်းမရှိ ခြံထဲမှာလည်းမရှိနဲ့

"အဲ့ ကိုကို ကလေတကယ်မကောင်းဘူး ဟွန့်~ အရှုပ်ထုပ်ကြီးပါ ဘလာဘလာ"

*************************

Kyung Soo မား ကိုခွင့်တောင်းပြီး Baek အလုပ်လုပ်နေတဲ့ cafe ကိုထွက်လာခဲ့တယ်
အထက်တန်းနောက်ဆုံးနှစ် တက်ရတော့မှာဆိုတော့ ဒီအကွာအဝေးလောက်က Kyung Soo တစ်ယောက်တည်းသွားဖို့ ခွင့်ပြုပေးထားတယ်

"Baek ya"

လူရှင်းတုန်း စားပွဲခုံတစ်ချို့ သန့်ရှင်းရေးလုပ်နေတဲ့ Baek ကို Kyung Soo နောက်ကနေလှမ်းခေါ်လိုက်တယ်

"မင်း ပြန်ရောက်နေပြီပေါ့"

"အေး မနေ့ကမှ"

"တစ်ယောက်တည်းလာတာလား"

"ဘယ်နှစ်ယောက်တွေ့လို့လဲ"

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now