Part-12(I need only Peony)

Start from the beginning
                                    

Peonyရယ်လေညကသူခြုံထားပေးတဲ့စောင်ဖြူဖြူကြီးကိုကိုယ်ပေါ်မှာကပိုကရိုလုံရုန်လေးဖုံးလွှမ်းကာအိပ်ခန်းဝမှာအိပ်ချင်မူးတူးရုပ်လေးနဲ့မျက်လုံးအစုံကိုပွတ်သပ်ရင်းပါးစပ်ကလည်းဝူးဝူးဝါးဝါးနဲ့သူ့ကိုလှမ်းခေါ်နေလေရဲ့။

"ဟာ...ဟိတ်ရောင်တွေ ဘယ်ကိုလိုက်ကြည့်နေတာလဲ ပြန်...ပြန်ကြတော့ကွာ...ကျစ်..."

ရှောင်းကျန့် ပြောပြီးPeonyစီအပြေးသွားကာPeonyကိုယ်လေးကိုပွေ့ချီလိုက်ပြီးအိပ်ခန်းထဲဝင်လာလိုက်တယ်။ဧည့်ခန်းထဲမှာဟိုငနာတွေဘယ်လိုဘယ်ပုံကျန်ခဲ့လဲမသိတော့။

"Peonyရာ ဘာလို့ ဒီတိုင်းထွက်လာရတာလဲ...ပြီးတော့Peonyလမ်းလျှောက်နိုင်တာလား..."

"အွန်း...နဲနဲတော့နာနေတယ် ကျန့်ကျန့်...ကျွန်တော်ဗိုက်စာတယ် နောက်ပြီး တကိုယ်လုံးအားမရှိသလိုပဲ နုံးချည့်ချည့်နဲ့..."

ရှောင်းကျန့် Peonyကိုကုတင်ပေါ်ချပေးရင်းပြောတော့Peonyကဗိုက်ကလေးကိုပွတ်သပ်ကာငိုမဲ့မဲ့ရုပ်လေးနဲ့ညည်းရှာတယ်။

"အဟင်း...မနေ့က ကျွန်တော့်ကို ပိုပေးပါလို့ပြောတာ ဘယ်ကောင်လေးလဲ..."

"အာ...ကျန့်ကျန့်ကလည်းဗျာ ...အဲ့ဒါကတော့..."

Peonyကသူ့အပြောကြောင့်နားရွက်ဖျားလေးတွေအထိရဲတက်လာကာခေါင်းလေးငုပ်ကျသွားတယ်။

"အဟွန်း...ဂြိုလ်သားလေးတစ်ကောင်ရှက်နေတာကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ...ကဲပါ လာ ရှက်မနေနဲ့ ကိုယ်အက်ျီဝတ်ပေးမယ်... ပြီးရင် တခုခုစားပြီး ဆေးသောက်လိုက်ရင်ပျောက်သွားလိမ့်မယ်..."

ရှောင်းကျန့် လည်းဗီရိုထဲကရှပ်အက်ျီပွရောင်းရောင်းတထည်ထုတ်ယူလိုက်ပြီးPeonyကိုဝတ်ပေးလိုက်တယ်။Peonyတွက်စာစရာတခုခုလုပ်ပေးဖို့အခန်းပြင်ပြန်ထွက်လာတော့ဟိုသကောက်သားသုံးကောင်ကိုမတွေ့တော့ပြန်သွားကြပြီနေမယ်။ရှောင်းကျန့်ဆန်ပြုပ်တစ်ပန်းကန်ပြုတ်ပြီးအအေးခံကာPeonyကိုခွံကျွေးတော့Peonyကမနေ့ကတည်းကအစာမရှိတာကြောင့်တအောင့်လေးနဲ့တပန်းကန်လုံးကုန်သွားတော့တယ်။

"Peony...စားကောင်းလား... "

"အွန်း...ကျန့်ကျန့်လက်ရာအကောင်းဆုံးပဲ..."

ALIEN LOVER[Complete]Where stories live. Discover now