နောက်ဆုံးမှာတော့ pride ကို အရင်းတည်ပြီး
ချက်ခဲ့ရတဲ့ kimchi jjigae လေးကို အောင်မြင်စွာ
ပြင်ဆင်နိုင်ခဲ့ပါပြီ။ ညနေစာကို kimchi jjigae စားချင်တယ်ဆို၍ မိမိမှာပြင်ဆင်ပေးရပါသေးသည်။*phone ringing*
"သြော် Hyung ပြန်လာနေပြီလား?"
"ဆောရီး..Seungmin ။ ကိုယ်ဒီည အိမ်ပြန်နောက်ကျမယ်။"
"ဟမ်.."
"ဒီနေ့ commercial series ပြီးသွားလို့
ဒါရိုက်တာက အဖွဲ့သားတွေအကုန်လုံးကို ညစာလိုက်ကျွေးမယ်ဆိုတာနဲ့ ဆိုင်ရောက်နေတာ""သြော်....."
"ကိုယ်တကယ်တောင်းပန်—"
"ရတယ် Hyung ။ ကျွန်တော် ဖုန်းချလိုက်တော့မယ် "
ရတယ် လို့မကောင်းတတ်လို့သာ ပြောလိုက်ရပေမဲ့
စိတ်ဆိုးမိသည်။ ညနေစာအတူစားချင်လို့
စောစောပြန်လာမယ်လို့ ကတိပေးခဲ့ပြီး
အခု လွယ်လွယ်နဲ့ကတိဖျက်ပြန်တယ်။'ကျွန်တော်လေ Hyung ကို မုန်းလိုက်တာ'
✄┈┈┈┈┈┈┈┈┈┈┈┈┈┈«
အိမ်ပြန်ရောက်တဲ့အချိန်က ည ၁၀ နာရီကျော်နေပြီဖြစ်သည်။
အသာစေ့ရုံလေးစေ့ထားတဲ့တံခါးကို တွန်းဝင်လိုက်တော့
ကြိုဆိုမယ့်သူ ရှိမနေပါ။ တစ်အိမ်လုံးအမှောင်ကျနေပြီး
လုံးဝဥသုဉ်တိတ်ဆိတ်လျက်ပင်။ခြေသံလုံလုံဖြင့် အတူနေတဲ့အိပ်ခန်းဆီ တက်သွားလိုက်၏။
အခန်းတံခါးကိုဖွင့်လိုက်တော့ ကလေးငယ်က
ကျောပေးရင်း အိပ်စက်နေသည်။ ပိတ်မထားတဲ့ ပြတင်းပေါက်ကလည်း လေများတိုးဝှေ့နေသည်။ရှေးဦးစွာ ပြတင်းပေါက်ကို ပိတ်ပေးပြီးမှ
သူ့ဘေးနား နေရာဝင်ယူလိုက်သည်။ ကျောခိုင်းထားသည့်
ခါးသွယ်သွယ်ကို တိုးဖက်မိတော့ ကိုယ်လေးက ကျုံ့သွား၏။"Seungmin" လေညှင်းတွေသာကြားနိုင်မယ့်
ခေါ်သံတိုးတိုးကို အဲ့ဒီကလေးက မသိကျိုးကျွန်ပြုကာရယ်။"Seungmin" ထပ်မံပြီး ကြိုးစားကြည့်ပြန်လည်း
တုံ့ပြန်မှုက မထူးမခြားနား။
YOU ARE READING
Someone • 황승
Fanfictionသူဟာ ကျွန်တော့်အတွက် ကမ္ဘာငယ်တစ်ခုပေမဲ့ ကျွန်တော်ကတော့ သူ့ဘဝထဲ မလွှဲမရှောင်သာ ပါဝင်ခွင့်ပြုထားရတဲ့ တစ်စုံတစ်ယောက် ဆိုတဲ့ဖြစ်တည်မှုထက် မပိုခဲ့ပါဘူး။