24 uni

467 71 12
                                    

မကောင်းသောအတိတ်နိမိတ် သို့မဟုတ်၊ ကြေကွဲဝမ်းနည်းခြင်းဟု သတ်မှတ်ကြတ့ဲ အနက်ရောင်ကို အပေါ်အောက်ဝတ်ဆင်ထား၏။
၎င်းမှိုင်းတို့နှင့်အတူ စိတ်အစုံကလည်း မှိုင်မှိုင်တွေတွေ။

"သွားစို့လေ Hyung"

"အင်း Wonလေး။"

လမ်းတစ်လျှောက်မှာလည်း ကားလေးသည် တိတ်ဆိတ်လျက်။ သာယာတ့ဲနွေဥတုန့ဲမလိုက်မဖက် စိတ်တို့ကထိုင်းမှိုင်းစွာ။ ကားပြတင်းမှတစ်ဆင့် အပြင်သို့ငေးမိတ့ဲအခါ တစ်ချိန်ကမှတ်ဉာဏ်တို့က တစ်စချင်း လွင့်ပျံ့လာပြန်၏။

မိမိငယ်စဉ် ဆုံးပါးသွားတာဖြစ်ပေမ့ဲ ဖေဖေနဲ့ပက်သက်တ့ဲ အမှတ်တရအချို့ကြောင့် ဝမ်းနည်းမိနေဆဲ။ လွမ်းဆွတ်မှုကလည်း တစ်စွန်းတစ်စပေါ့။ ဘာလိုလိုနဲ့ ဖေဖေမရှိတော့တာ ဆယ်စုနှစ်တစ်ခုကျော်ခ့ဲပြီပဲ။

နွေဦးရဲ့ပန်းတို့ ပွင့်လန်းရွက်ဝေတ့ဲ မေလဟာ လှပဖွယ်ကောင်းနိုင်ပေမ့ဲ ဖေဖေရဲ့နှစ်ပတ်လည်ကြောင့် ငိုကြွေးရပြန်ပါသည်။

"Hyung ပန်းဝယ်ဦးမယ်ဆို။"

"သြော် အင်း။" စိတ်နဲ့ကိုယ်မကပ်သည်မို့ ပန်းဆိုင်ရှေ့ ကားရပ်ပြီကိုတောင် Jiwon သတိမပေးခင်အထိ သတိမပြုမိ။

"ဘာပန်းယူမလဲရှင်။"

"ယူချယ်ပန်း ရှိလား။" ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်လေးဟာ ဟိုလှည့်ဒီကြည့်။ ထို့နောက် ခေါင်းခါပြလာ၏။

"မရှိဘူးရှင့်။ ဒီနှစ်သိပ်မပွင့်တော့ ဆိုင်မတင်ဖြစ်ဘူး။"

"ဒါဆိုလည်း ကျူးလစ်တစ်စည်းပေးပါ။"

ဒီနှစ် ယူချယ်ပန်းတွေ ရှားတယ်ထင်ပါရဲ့။ လမ်းမှာလည်း ယူချယ်ပန်းများကို မတွေ့ရ။ နှစ်တိုင်း ယူချယ်ပန်းတွေ ဝယ်သွားဖြစ်ပေမ့ဲ ဒီနှစ်တော့ မဝယ်သွားနိုင်တော့ပေ။

"ကျွန်တော် အပြင်မှာပဲ စောင့်နေလိုက်မယ်နော်။"

ခေါင်းသာညိတ်ပြပြီး အဆောက်အဦထဲ ဝင်လာလိုက်သည်။ မိမိနည်းတူ နှစ်ပတ်လည်လာနှုတ်ဆက်ကြတ့ဲ မိသားစုတွေကလည်း အစီအရီ။ ခါတိုင်းလို Hyung ဘေးနား မရှိတော့ ပိုပြီးအားငယ်လာသလို။

Someone • 황승Where stories live. Discover now