13

214 17 5
                                    

...ကျွန်တော့ကို ချစ်လား?...

✄┈┈┈┈┈┈┈┈┈┈┈┈┈┈«

မနက်ခင်းလင်းပျို့ချိန်ဖြစ်၍ ရောင်နီလာလျက်ရှိသည်။ အရှေ့ တောင်တန်းကိုဖြတ်လျက် အနီရောင်အလင်းတန်းတို့သည် ကောင်းကင်၌ ဖြာထွက်နေ၏။

အချိန်အားဖြင့်ဆိုသော် 5 နာရီကျော် 6 နာရီဝန်းကျင်။

"Hyung ထတော့။သွားစရာရှိတယ်။" Seungmin သည် Hyunjin အား လှမ်းနှိုးပါ၏။

"မနက်စာစားပြီး အေးဆေးမှပြန်မှာမလား။ အစောကြီး ရှိသေးတာကို။"

"Arnyi...Hyung ကို ခေါ်သွားစရာ နေရာရှိလို့။ လာပါ Hyungရာ..."

Hyunjinလည်း ဆက်ပြီးခေါင်းမာမနေတော့ဘဲ လေးပင်နေသောခန္ဓာကိုယ်ကို ကုန်းထရပါတော့သည်။

မနက်ခင်း သိပ်စောသေးသည်မို့ ရေတော့မချိုးဖြစ်။ မျက်နှာသစ်၊ ပြင်ဆင်ပြီးသည်နှင့် အိမ်မှထွက်ခဲ့ကြသည်။ Seungminမှ ကားယူမသွားဖို့ ပြောသည်မို့ ခြေကျင်သာ။

"ဒီအချိန်လေး လမ်းထလျှောက်ရင် တအားသာယာတာ"

Seungminပြောသည်ကို Hyunjinလည်း ထောက်ခံ၏။

လမ်းတစ်လျှောက် သဘာဝ၏အလှကိုခံစားနိုင်သည်။ လင်းရောင်ခြည်ပျို့ပျို့အားလည်းကောင်း၊ တကျီကျီမြည်ကြွေးနေသော ငှက်ငယ်များအားလည်းကောင်း၊ တိမ်စိုင်ကြားတိမ်မြှုပ်မဝင်သေးသော ငွေလမင်းအားလည်းကောင်း၊
လေပြည်သဲ့သဲ့အားလည်းကောင်း ခံစားနိုင်ပါ၏။

"အရင်က မေ့မေ့အိမ်မှာဆို မနက်စောစောဒီလိုလျှောက်သွားနေကျ"

"အခုရော?"

"အိမ်ကိစ္စတွေနဲ့ မနက်ဆိုအလုပ်များနေတာမလို့ မသွားဖြစ်တော့ဘူး။နောက်ပြီး ကျွန်တော် အပြင်ခဏခဏထွက်လို့လည်း မကောင်းဘူးမလား။ တော်ကြာ တစ်ယောက်ယောက်ကများ ကျွန်တော်တို့ဆက်ဆံရေးကို သိသွားလျှင်...."

ဟုတ်ပါရဲ့။ ဒီကောင်လေးအား အိမ်ထဲအလုပ်တွေနဲ့ ပိတ်လှောင်ထားမိသည်မှာ ရက်ပေါင်းထောင်ချီလေပြီ။ ဒီလိုဆိုတော့လည်း အားနာမိပါရဲ့။ မိမိက အပြင်မှာ အပေါင်းအသင်းတွေနဲ့ ပျော်မြူးချိန်၊ သူ့ခမျာ တစ်ယောက်တည်း အထီးကျန်စွာ။

Someone • 황승Where stories live. Discover now