..ဝေးဝေးပြေးတဲ့ ငှက်ကလေးရယ်
လှမ်းဆွဲဖို့ မစွမ်းတော့တဲ့ တိမ်စိုင်လေးရယ်..✄┈┈┈┈┈┈┈┈┈┈┈┈┈┈«
မနက်ခင်းနေရောင်ခြည်ရဲ့ နှောင့်ယှက်မှုကြောင့် နိုးလာသော် ရင်ခွင်ထဲ၌ အနှီကောင်လေးသည် ရှိမနေ။ ဟာလာလင်းနေတဲ့ ဘေးတစ်ဘက်က အထီးကျန်ဖွယ်အတိ။
အောက်ထပ်မှာရှိနေဖို့ မျှော်လင့်မိသော်လည်း အရိပ်အယောင်တောင် မတွေ့ရချေ။ မျှော်လင့်ချက်တို့သည် ဤတွင် ထပ်မံ၍ရိုက်ချိုးခံရပြန်သည်။
ဖုန်းကိုဖွင့်လိုက်ပြီး မရင်းနှီးတဲ့နံပါတ်တစ်ခုဆီ ဆက်ကြည့်မိ၏။ တကူးတက အမည်ပင် မှတ်မထားသောနံပါတ်လေးပင်။
မိမိမှာထားတဲ့စကားကြောင့် ချက်ချင်းပြန်ဖြေလာတဲ့ဖုန်းမှာ နှုတ်ခမ်းသားတို့က ကွေးညွတ်စွာပြုံးလျက်။
"Hyung"
"ဘယ်ရောက်နေတာလဲ?"
"Wonnie ဆီ ရောက်နေတာ...Wonnie နေမကောင်းဖြစ်နေလို့။"
"သြော်...အင်း။"
ဤတုံ့ပြန်မှုနှစ်ခုနဲ့တင် စိတ်အစုံကို ဖတ်ယူ၍ရပါ၏။
အလုံးစုံ လွတ်ကျသွားသောစိတ်။ အလျင်းမရှိတဲ့ သဘောတွေ့မှု။ မနှစ်မြို့မှုပေါင်း များစွာ။"မနက်စာကို စားပွဲပေါ်မှာ ပြင်ပေးခဲ့တယ်။ နေ့လည်စာကိုတော့ အပြင်မှာပဲဖြစ်ဖြစ် စားလိုက်လို့ဖြစ်တယ်မလား။ သူအဖျားကျသွားမှ ကျွန်တော် ပြန်လာဖြစ်လောက်မှာမလို့။"
"ဆရာဝန်မရှိဘူးလား။ ဒီလောက်ခေတ်မှီတိုးတက်နေတဲ့အချိန်မှာ ထူးချွန်တဲ့ဆရာဝန်တစ်ယောက်ထက် မင်းကဘာများ စွမ်းနိုင်မှာမို့လို့လဲ။"
"ဒါပေမဲ့ ကျွန်တော် သူ့အနားနေပေးဖို့ လိုအပ်တယ်လေ...." အနည်းငယ်တိုးဝင်သွားသောအသံက စိုးရိမ်မှုတို့ ကိန်းဝင်နေ၏။
အဲ့လောက်တောင်ပဲလား.....
ဒါပေမဲ့ ငါလည်း မင်းကိုလိုအပ်တယ်လေ
သူ့ကိုသိစေချင်ပေမဲ့ တကယ်တမ်းတော့ ထုတ်မပြောဖြစ်ခဲ့ပါ။
YOU ARE READING
Someone • 황승
Fanfictionသူဟာ ကျွန်တော့်အတွက် ကမ္ဘာငယ်တစ်ခုပေမဲ့ ကျွန်တော်ကတော့ သူ့ဘဝထဲ မလွှဲမရှောင်သာ ပါဝင်ခွင့်ပြုထားရတဲ့ တစ်စုံတစ်ယောက် ဆိုတဲ့ဖြစ်တည်မှုထက် မပိုခဲ့ပါဘူး။