..မီးတောက်မှန်းသိတောင် လွှတ်မချရက်ခဲ့ဘူး..Hyung
ဖယောင်းတိုင်လေးလိုပေါ့။ ကိုယ်ကိုယ်တိုင် အရည်ပျော်ကျနေသည့်တိုင် မီးတောက်လေး ဆက်လက် ထွန်းလင်းဖို့အတွက် ပျော်ပျော်ကြီး အလောင်ကျွမ်းခံချင်မိတာ..✄┈┈┈┈┈┈┈┈┈┈┈┈┈┈«
အမေနှစ်ယောက်ပြန်လာသည့်အခါ Hyunjin တစ်ယောက် Seungmin ပေါင်ပေါ်ခေါင်းအုံးကာအိပ်နေသည်ကို တွေ့လေ၏။
"အိပ်သွားပြီလား?"
"ဟုတ်..အန္တီ။ညက ကောင်းကောင်းအိပ်မပျော်ဘူး ထင်တယ်"
"Seungလေးက ဘာဆက်လုပ်ဖို့တွေးထားလဲ? အခုလိုမပြောချင်ပေမ့ဲ တစ်ခုခုကိုတော့ရွေးချယ်မှဖြစ်မယ်ထင်တယ်။ Hyunjinလေး ဘက္က ပြောင်းလဲပေးလာတာဖြစ်ဖြစ်....ဒါမှမဟုတ်၊ သားဘက္က လွှတ်ချလိုက်ဖို့ဖြစ်ဖြစ်" Hyunjin ရဲ့အမေလည်း ပြောသာပြောနေရသည်၊ မျက်နှာမကောင်း။
"ဟုတ်တယ် သား။အမေလည်း သားကိုပြောမနိုင်လို့သာ..
အမှန်အတိုင်းပြောရရင် စိတ်မချမ်းသာဘူး။ သားဘက္က အဆင်ပြေတယ်ပြောပေမ့ဲ အဆင်မပြေမှန်းလည်းသိတယ်။ ဘယ်လိုမှအဆင်မပြေနိုင်တ့ဲ အိမ်ထောင်ရေးတစ်ခုကို ဆုပ်ကိုင်ထားရတာ မပင်ပန်းဘူးလား..သားရယ်?သား သူ့ကိုဘယ်လိုစိတ် ထားလဲသိပေမ့ဲ အချို့ခံစားချက်တွေကျ မီးတောက်န့ဲတူတယ်။ ဆုပ်ကိုင်ထားလေလေ ကိုယ့်ကို လောင်ကျွမ်းစေလေလေ ပဲ။ ဒီထက်ပိုပြီး မနာကျင်ရခင် လက်လွှတ်စရာရှိတာကို လွှတ်ပေးလိုက်သင့်တယ်။"
သားဖြစ်သူ၏ လက်ကိုဆုပ်ကိုင်ကာ ဖျောင်းဖျကြည့်ပါသေးသည်။သို့သော် ဒီကလေးသည် သိပ်ကိုခေါင်းမာ၏။
"ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခ့ဲတ့ဲ လမ်းမလို့အဆုံးထိလျှောက်မှာပါ။ Hyungကိုယ်တိုင် ကျွန်တော့ကို နှင်လာတ့ဲအချိန်၊ သူချစ်တ့ဲ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားတ့ဲအချိန်၊ Hyungကို ဘယ်လိုမှဖက်တွယ်မထားနိုင်တော့တ့ဲအခိျန်.. အ့ဲလိုအချိန် ရောက်လာတ့ဲအထိ ကျွန်တော် Hyung အနား နေသွားပေးမှာ"
YOU ARE READING
Someone • 황승
Fanfictionသူဟာ ကျွန်တော့်အတွက် ကမ္ဘာငယ်တစ်ခုပေမဲ့ ကျွန်တော်ကတော့ သူ့ဘဝထဲ မလွှဲမရှောင်သာ ပါဝင်ခွင့်ပြုထားရတဲ့ တစ်စုံတစ်ယောက် ဆိုတဲ့ဖြစ်တည်မှုထက် မပိုခဲ့ပါဘူး။