14

166 9 0
                                    

...ဒီဖိနပ်လက်ဆောင်လေးကတော့ ကျွန်တော်တို့ကို ကွဲကွာစေမယ့် နိမိတ်တစ်ခု မဟုတ်ပါစေနဲ့လား..

✄┈┈┈┈┈┈┈┈┈┈┈┈┈┈«

"Morning Seungmin"

ထမင်းစားဝိုင်းတွင်ဝင်ထိုင်ကာ နှုတ်ဆက်လာလေ၏။ ပထမဆုံး Hyung ဘက်မှ အသာတကြည်ခွန်းဆက်ခြင်းဖြစ်သောကြောင့် Seungmin နေသားမကျပေ။

"Morning Hyung"

ပူပူနွေးနွေးဖျော်ထားသော ကော်ဖီကို ခွက်ထဲငှဲ့ပေးလိုက်သည်။ ၎င်းနောက် ထောပတ်သုတ်ထားသော ပေါင်မုန့်ချပ်တို့အား ပန်းကန်တစ်ခုတွင် စီရီထည့်၏။

"Hyungအပြင် မသွားသေးဘူးလား" မနက်စာစားပြီးသော် ဧည့်ခန်း၌ အေးဆေးနေရာယူနေသောကြောင့် မေးလိုက်၏။

"Omm..ဒီနေ့ နားမလို့။"

"အာ..ကောင်းပါတယ်။" Seungminလည်း စကားဆက်ပြောစရာ ရှာမရသည်နှင့် အိမ်နောက်ကိုထွက်လာလိုက်သည်။

နောက်ဖေးခြံဝန်းတွင်း၌ သူစိုက်ထားသောပန်းတို့က အိုးလေးများဖြင့် စီရီစွာနေရာယူလျက်။ မြေအိုးလေးများဖြင့် စိုက္ထားရာ မြက်ခင်းစိမ်းနဲ့ပနံသင့်နေသည်။

ပန်းပင်လေးများနား သွားရောက်ကာ။ ရေဓာတ်လိုအပ်နေသော အပင်ငယ်လေးများကို ရေလောင်းရင်း စိတ်ကိုအေးချမ်းစေ၏။

အစိမ်းရောင်အပင်တွေဟာ positive vibe ကိုပေးပြီး စိတ်ကိုအေးချမ်းစေသည်။ထို့ကြောင့်လည်း အချို့ကဆိုကြ၏ သစ်ပင်ရေမြေနဲ့နီးကပ်စွာနေသူသည် ပို၍အသက်ရှည်ကြောင်း။

အရင် Hyunjin အပြင်ထွက်သွားချိန်များတွင်လည်း ဤသို့ပင်။ အပင်ငယ်လေးများကို အဖော်ပြုနေထိုင်သည်။ အထီးကျန်ပေမဲ့ အနည်းဆုံးတော့ အပင်ငယ်လေးတွေက မိမိကိုစိတ်ဆင်းရဲအောင် မလုပ်။

ဧည့်ခန်းထဲ၌အနားယူနေသော Hyunjin သည်လည်း ပျင်းရိလာ၍ ကောင်လေးအားလိုက်ရှာနေသည်။ အပေါ်ထပ်တွင်လည်းမရှိ၊ အိမ်ရှေ့တွင်လည်း မရှိသည်မို့ အိမ်အနောက်ဘက်ကို ထွက်လာလိုက်သည်။

မြင်လိုက်ရသောမြင်ကွင်းသည် လှပလွန်း၏။

သို့သော် ဤဖော်ပြချက်သည် ပန်းလေးတွေကို ရည်ညွှန်းသည်လား၊ တစ်စုံတစ်ယောက်ကို ရည်ရွယ်သည်လားတော့ သူဝန်ခံမည်မဟုတ်။

Someone • 황승Where stories live. Discover now