နွေမှာဆွေးစေ ( ၉ )

4.1K 466 62
                                    

Unicode

တစ််နေ့ခင်းလုံး မရပ်မနားမောင်းနှင်ကာ
နေကွယ်၍ လထွက်ချိန်မှ ပိုင်စေဦး ပြင်ဦးလွင်ကိုရောက်သည်။ ပတ်ဝန်းကျင်သည် မှောင်မဲနေကာ
ကားမီးအလင်းတန်းအတွင်း အမှုန်အမွှားလေးများ လွင့်နေသည်ကို မြင်နေရသည်။

ကားတံခါးကို အမြန်ဖွင့်ဆင်းကာ
အပြေးအလွှားဖြင့် ခြံတံခါးကိုကိုင်၍
ပိုင်စေဦး တစ်လုံးတည်းသော နာမည်ကိုသာ
အော်ခေါ်လိုက်သည်။

"" ဆွေး !! ဆွေးရေ !! ဆွေး!!
တံခါးလာဖွင့်ဦး !! ဆွေး !""

ထိုစဥ္ လေညှင်းများဖြတ်တိုက်သွားသည်။
သစ်ကိုင်းများမှာ ဖြည်းညှင်းစွာလှုပ်ခါနေပြီး
သစ်ရွက်တို့ အချင်းချင်း ပွတ်တိုက်ကျီစယ်
ကာနေ၏။ မြေပြင်မှသစ်ရွက်ခြောက္များလည်း
ဖုန်နှင့်အတူ ဟိုဟိုဒီဒီလွင့်ကုန်သည်။

ပိုင်စေဦးမှာ အမှန်တကယ်ပင် ဖရိုဖရဲ
ဖြစ်နေသည်။ လည်ပင်းမှ နက်ခ်တိုင်အနက်သည်
လည်း ပြေလျော့နေကာ သေချာပုံသွင်းပေးလိုက်သော ဆံပင်များမှာ အနေအထားရွေ့နေပြီဖြစ်သည်။ချွေးများထွက်နေသော်လည်း အနည်း
ငယ်အေးနေသည်မို့ ကုတ်အင်္ကျီအနက်ကိုတော့
ချွတ်မပစ်ပါ။ အတန်ကြာအော်ခေါ် ပြီးသော်
တုံ့ပြန်မှုမရှိသော ကြောင့် ပတ်ဝန်းကျင်ကို
စတင်အကဲခတ်ရသည်။ အိမ်ကြီးမှာ မှောင်မဲနေပြီး ခြံတံခါးသည်လည်း သူလွန်ခဲ့သောသုံးလက
ရောက်ရှိခဲ့ချိန်ကလို အပြင်ဘက္မှ သော့ခတ်
ထားလေသည်။ဤသည်မှာ အိမ်ထဲတွင် လူမရှိသည်ကို ဖော်ပြနေသည်။

ဆွေး ဘယ်ရောက်နေသည်လဲ။
ပိုင်စေဦး ရင်ထဲတွင် အပူမီးများဖြင့်မောပန်း
လာကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။မျက်စောင်းထိုးက အဖွားအိမ်တွင်
မီးလင်းနေသေးသဖြင့် အမြန်ပင် အိမ်တံခါး
ခေါက်လိုက်သည်။ တံခါးဖွင့်လိုက်လျှင်
တစ်လသာ မမြင်ရသော်လည်း မျက်နှာတွင်
ပါးသိုင်းမွှေးမျှင်းမျှင်းတို့ဖြင့် ရုပ်အနည်းငယ်
ပြောင်းနေပြီဖြစ်သော ပိုင်စေဦးကို မြင်လိုက်ရသည်။

""အဖွား ! ဆွေး ! ဆွေး ဘယ်သွားလဲ သိလား""

""ဟင် ဒီအိမ်ကပိုင်ရှင် ကောင်လေးလား မင်းက""

နွေမှာဆွေးစေWhere stories live. Discover now