နွေမှာဆွေးစေ ( ၂ )

5.4K 629 40
                                    

Zawgyi

နောက်အိမ်ထောင်ပြုတော့မယ်လို့ မေမေစပြီး
အသိပေးခဲ့တာ လွန်ခဲ့တဲ့ နှစ်လက ။
အဲ့မတိုင်ခင်ကလည်း သူငယ်ချင်းတွေရဲ့
"မင်းအမေကို ဘဲတစ်ပွေနဲ့တွဲတွဲတွေ့နေတယ်"
ဆိုတဲ့စကားတွေကြားထား ပြီးသားမို့
မအံ့သြတော့ပေမယ့် မဖြစ်ပါစေနဲ့လို့
တိတ်တခိုးဆုတောင်းနေတာတွေကို
ရပ်ပစ်လိုက်ရပြီး ကျွန်တော်တရားဝင်ပြိုလဲသည်။

မေမေ့နောက်လူကြောင့် ဖြစ်လာတဲ့မေမေ့အပြုံး
တွေက ကျွန်တော့်အတွက်ဖေဖေ့မျက်ရည် ။
မျက်လုံးတွေမှိတ်ထားတိုင်း ပေါ်လာတတ်တဲ့
ပထွေးရဲ့မျက်နှာကြောင့် ညသန်းခေါင်တွေမှာ
ထထိုင်နေရတတ်တဲ့ထိ စိတ်အနှောင့်အယှက်
တွေပေးနေခဲ့တာ ။ မနေ့ညကတော့ ဖေဖေ့အသိုက်အမြုံထဲ ပြန်ရောက်ခဲ့တာက
တစ်ကြောင်း ၊ စိတ်ထွက်ပေါက်တစ်ခုရှိခဲ့
တာက တစ်ကြောင်း ။ အမြင်အာရုံသို့
အလင်းတန်းတို့ တိုးကြိတ်နေရာယူလာသည်နှင့်
မျက်လုံးကောင်းကောင်း ဖွင့်လိုက်နိုင်သည်။
မနေ့က ဘီယာအရှိန်ပါနေသော်လည်း
သိသည့်အပိုင်းကိုတော့ ကောင်းကောင်း
ခံစားမိလိုက်သေးသည် ။ အဲ့တာက
ပုထုစဉ်တို့ရဲ့ နိဗ္ဗာန်ကလေး ဖြစ်ရမည် ။
ကျွန်တော်၏ ခံစားမှုတို့ သီးပွင့်ရာ တောအုပ်ငယ်။ အခုတော့ နိဗ္ဗာန်ကလေးက
ဘယ်ဘုံကို ကြွချီသွားပြန်ပြီလဲ ။
တစ်ညကုန်ဆုံးခဲ့ဖူးသော တစ်စုံတစ်ယောက်တိုင်းကို မနက်ပိုင်းမှာ ကျွန်တော်ပြန်ပြီး
တွေးလေ့မရှိပါ ။ သူကတော့ပထမဆုံးဖြစ်
လိမ့်မည် ။ အဖြစ်နိုင်ဆုံးကတော့
ကျွန်တော်ထိတွေ့ဖူးသမျှထဲ ထိုကောင်လေးက
အနူးညံ့ဆုံးဖြစ်နေတဲ့အတွက် ကျွန်တော်
ပိုမက်မောမိသွားခြင်းများလား ။
ဘယ်အချိန်ထသွားလဲတော့ ကျွန်တော်မသိ
ပေမယ့် သူကျောချခဲ့သော နေရာတွင်
လူအစား အဝတ်တစ်စုံကသေသေသပ်သပ် ။
ယောက်ျားလေး ပေမယ့် သူနဲ့ကိုင်တွယ်ထိတွေ့
လိုက်သော အရာတိုင်းက နူးညံ့နေသည်လား
မပြောတတ် ။ အမရာ့ဆီမှာတောင် ဒီလို
အမူအယာမျိုး မမြင်ဖူးခဲ့ ။

သွားတိုက်တံဘာညာလည်း မရှိ ။
ရေနဲ့သာ ပလုတ်ကျင်း မျက်နှာသစ်ပြီး
ညကမဝတ်ဖြစ်ခဲ့သော ထိုအင်္ကျီတစ်စုံကို
ဝတ်လိုက်ရသည် ။ ကျွန်တော့်အတွက်တော့
နွမ်းနေပေမယ့် ဟိုကောင်လေး ဝတ်ထားတဲ့
အဝတ်တွေထက်တော့ သားနားနေတယ်
ထင်တာပဲ ။

နွေမှာဆွေးစေWhere stories live. Discover now