နွေမှာဆွေးစေ ( ၈ )

3.8K 533 18
                                    

Zawgyi

ပြန်ရောက်ပြီးနောက်တစ်ရက် ၊ ကျွန်တော်
ဆွေးကို ဖုန်းခေါ်ခဲ့သည် ။
ပြောမယ့်စကားနှင့် အကြောင်းအရင်းကို
မစဉ်းစားရသေး။ ဖုန်းဝယ်ပြီးပြီးချင်း
ပထမ ဖုန်း call က ဆွေး ပဲ ဖြစ်လိမ့်မယ် ။

နှစ်ခေါက် သုံးခေါက်ကြာတဲ့ထိ မကိုင် ။
ဘာလုပ်နေလို့လဲ။ပန်းပင်ရေလောင်းနေလို့လား ။

နောက်တစ်ရက်၊ ဘုရား ဆွမ်း ကပ်နေလို့လား ။

နောက်တစ်ရက်၊ ဘုန်းကြီးကျောင်းသွားနေလို့လား။

ကျွန်တော် စဉ်းစားတဲ့ အကြောင်းပြချက်တွေ
ကုန်သွားတဲ့အထိ ဆွေး ဟာ ကျွန်တော့်ဖုန်းကို
မကိုင်ခဲ့ပါ ။ ဒီလောက်ဆို ကျွန်တော့်ကို
ရှောင်နေပြီဆိုတာ နားလည်လိုက်ပေမယ့်
ခေါင်းထဲမှာ မေးခွန်းတွေ ထပ်နေခဲ့သည် ။

ကျွန်တော်က သူ့အတွက် မလိုအပ်တော့လို့လား။

""သားရယ် ဖုန်းတွေခေါ်မနေပါနဲ့တော့။
သားမရိပ်မိဘူးလား။ သားဆီက လိုချင်တာ
ရသွားပြီလေ။ဘယ်လိုလုပ်ပြန်ဆက်သွယ်တော့မှာလဲ""

မေမေတို့ ပြောနေတာတွေ တစ်ခုမှမဟုတ်ဘူး။
ကျွန်တော်သိတယ်။ ဆွေး ကိုယုံတယ်။
သူ က ဘယ်လောက် ဖြူစင်လိုက်သလဲ။

မနက်အိပ်ရာနိုးရင် ဘေးကွက်လပ်နေရာကို
စမ်းမိနေသေးသည် ။ ရေချိုးပြီးတိုင်း
ကုတင်ပေါ်မှာ အဆင်သင့်တင်ထားတတ်တဲ့
အဝတ်တွေမရှိတော့ ။ ဘုရားပန်းတွေ မြင်တိုင်း၊
စတော်ဘယ်ရီတွေ မြင်တိုင်း ။

ပြုံးစစ နှုတ်ခမ်း၊ နေရောင်ခြည်တွေ၊
လေထဲလွင့်နေတဲ့ ပွရှုတ်ရှုတ် ဆံနွယ်ကောက်။

' အကိုလေး ´

သန်းခေါင်ယံ အိမ်မက် တွေက နိုးထချိန်
ကျွန်တော် တစ်ယောက်တည်းဆိုတာ
နားလည် လိုက်တယ် ။ ကျွန်တော်အမြဲအိပ်နေ
ချင်တယ် ။ အိပ်နေရင် သူ့ကို မြင်ရတယ် ။
သူ့ခေါ်သံလေး ကြားရတယ် ။ ဒါပေမယ့်
ပြန် အိပ်မရတော့ ကားသော့ဆွဲပြီး
ထွက်ရပြန်တယ် ။

ကျွန်တော်တော့ ရူးတော့မှာပဲ ။

" မင်း ကိုလွမ်းတိုင်း ရန်ကုန်တိုင်းဒေသကြီးမှ
နှုတ်ခွန်းဆက်သပါသည် ဆိုတဲ့ ဆိုင်းပုဒ်ကြီးကို
ခဏခဏ ဖြတ်သွားမိတယ် ။

နွေမှာဆွေးစေWhere stories live. Discover now