နွေမှာဆွေးစေ ( ၃ )

4.3K 558 21
                                    

Zawgyi

ထိုနေ့ကစလို့ အကိုလေးက ကျွန်တော့်ကို
မျက်နှာချင်းမဆိုင်တော့ပါ ။
အိမ်ပြန်မအိပ်သည်မှာ နှစ်ရက် ။
ကျွန်တော့်ကို စိတ်ဆိုးသွားတာလားလို့
တွေးရအောင်လည်း ကျွန်တော်က အကိုလေး
ဘဝရဲ့ ဘယ်အစိတ်အပိုင်းများပါလဲ ။
အကိုလေးအခန်းထောင့်က စက္ကူတစ်ရွက်သာသာ ကျွန်တော့်အပေါ် အဖြစ်နိုင်ဆုံး
ကတော့ ရွံရှာခြင်းတရားသာ ရှိသည် ။
ပထမဆုံးလားဟူသော မေးခွန်းအတွက်
ကျွန်တော့်ဘဝမှာ ပထမဆုံးအမှန်တရား
ကို ဖြေရန် ရှက်ရွံ့မိသည် ။

မီးသီးဝါတစ်လုံးသာ ရှိသော အခန်းအတွင်း
ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မရ ။ ကြမ်းပြင်၏
အေးစက် မှုအား ခန္ဓာကိုယ်က အသားကျစွာ
လက်ခံသော်လည်း လွမ်းဆိပ်ကတော့
ကျွန်တော် တစ်ခါမှ မခံစားဖူးသေးသော
အဖျားပင် ။ ကျွန်တော်ရှင်းပြချင်သည် ။
အထင်ကြီးချင်စရာ ဘာတစ်ကွက် မှ
မရှိသော ကျွန်တော်သည် ရှိစုမဲ့စု
သိက္ခာကလေးကိုတော့ အကိုလေးအား
သတ္တိရှိရှိ အပ်နှင်းချင်သည် ။

ခြံထဲမှ ကားသံကြားလိုက်ပြီး သိပ်မကြာ
သွပ်နှင့်လုပ်ထားသော အိမ်ကြီး၏ နောက်
ပေါက်တံခါး တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့
စုတ်ချာသော အခန်းတံခါးမှ တစ်ဘမ်းဘမ်း
ရိုက်သံ ထွက်ပေါ်လာချိန်တွင်တော့
ကျွန်တော် သိလိုက်သည် ။
တံခါးရဲ့အလွန်မှာ ကျွန်တော့်ဖြေဆေး
ရှိသည် ။

""အကို..လေး..""

တံခါးကို ဆွဲဖွင့်ဝင်လာသူ ။
အပြုအမူတွေက လျှပ်တစ်ပြတ်ဖြစ်လွန်းလို့
ကျွန်တော့်အမြင်အာရုံက တစ်ခုချင်းတောင်
လိုက္မမှတ်နိုင် ။ နောက်ဆုံးအသိသည်
နှုတ်ခမ်းပေါ်မှ ငုံထွေးမှု တစ်ခု ၊
ကျောပြင်မှ ခံစားလိုက်ရသောအေးစက်
မှုသည် နံရံမှန်း သိသည် ။ ခါးမှတစ်ဆင့်
ကျောရိုးတစ်လျှောက် ချဉ်းကပ်လာသော
လက်ဖဝါးကြီးကြီးသည် နွေးသည် ။
နှုတ်ခမ်းပေါ်မှ အနမ်းများဖယ်ခွာသွားချိန်
မေးရိုးတစ်လျှောက်နှင့် လည်တိုင်သည်
အားပြင်းပြင်းနှင့် စုတ်ယူခံလိုက်ရသည်။
သွေးတောင်ထွက်နေပြီ ဟုကျွန်တော်ထင်သည်။
မည်သည့် အထိအတွေ့တစ်ခုကမျှ
နူးညံ့မနေခြင်းကြောင့်ပင် ။
ကြယ်သီးအကုန်မပြုတ်သေးသော်လည်း
ပုခုံးတစ်ဝက်သို့ လျှောကျနေပြီ ဖြစ်သော
အက်ႌ ။ အကိုလေးက ကျွန်တော့အား
မ ချီလိုက်ချိန်တွင် ကုတ်ကပ်နေသော
ကျွန်တော့် ခြေချောင်းများ ကြမ်းပြင်မှလွတ်မြောက်ခွင့်ရသွားသည် ။

နွေမှာဆွေးစေTahanan ng mga kuwento. Tumuklas ngayon