နွေမှာဆွေးစေ ( ၅ )

3.9K 542 21
                                    

Zawgyi

အိမ်ပြန်ရောက်တော့ နှစ်ယောက်လုံး
မလှုပ်နိုင် ။ အင်္ကျီတွေလဲပြီးတာနဲ့ ထိုးအိပ်
ကြတာ ။ ဆွေးက နေမကောင်းချင်သလို
ဖြစ်သွားပေမယ့် ဘုန်းကြီးကျောင်းသွားဖို့
ကိုတော့ လက် မလျှော့ ။ အဲ့တာကို ဘယ်လို
ပြောရမလဲ ။ ဘာသာရေးလိုက်စားတယ်လို့
ပြောရမလား ။ အိမ်မှာဆိုလည်း နေ့တိုင်း
ဘုရားစင်ကို ဆွမ်းမပျက် မကွက် ကပ်တတ်ပြီး
ခြံထဲကထွက်တဲ့ပန်းတွေအပြင် ဈေးကထပ်
ဝယ်ပြီးကပ်သေးတာ ။ အိမ်ကပေးတဲ့လစာကို
ဒါမျိုးတွေမှာပဲ သုံးတတ်ပြီး သူ့အတွက်
အဝတ်အစားလည်း မဝယ်တော့ နောက်ဆုံး
မနေနိုင်တဲ့ ကျွန်တော်ကပဲ အပြင်သွားရင်
ကြုံသလိုလိုနဲ့ တမင်ဝယ်ပေးဖြစ်သည် ။

""အကိုလေး မြို့ထဲလိုက်ပို့ပါလား။
မနက်ဖြန် ဘုန်းဘုန်းတို့အာရုံဆွမ်းအတွက်
စတော်ဘယ်ရီသီးကပ်ချင်လို့""

""မင်း ပိုက်ဆံနဲ့ဝယ်မလို့လား""

""ဟုတ် ။ လှူချင်လို့""

မျက်လုံးလေးတွေမှေးတဲ့အထိ ပြုံးသည်။

""မေမေ့ ခြံမှာလည်း အသီးတွေထွက်နေလောက်ပြီ ထင်တယ် ။ သွားခူးမလား""

""တကယ် ၊ သွားလို့ရလား""

ကြည်တောက်လာတဲ့ မျက်ဝန်းတွေကြောင့်
လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်သည် ။
ညနေ လေးနာရီပတ်ဝန်းကျင်ဆိုတော့
နေသိပ်မပူပေမယ့် အလင်းလည်း
ရှိသေးတယ် ။ နောက်ဆုံးနေ့မို့လို့
ရေပတ်တဲ့သူတွေ အများကြီးကျန်နေ
သေးတယ် ။

မရောက်တာ ကြာပြီဖြစ်တာရော
ဖေဖေမရှိတဲ့နောက် မျိုးစုံလုပ်ရင်း ရုပ်ရင့်
လာတာကြောင့်ရော လူဟောင်းတွေတောင်
သိပ်မမှတ်မိကြ ။ စကားနည်းနည်းပြောပြီးမှ
မှတ်မိကြသည် ။

""အသီးတွေ သန့်လိုက်တာ""

ပါးလွှာသော နေရောင်ခြည်အောက်
ဆွယ်တာအနီနှင့်ကောင်လေးက စတော်ဘယ်ရီ
တွေနဲ့အပြိုင် လန်းဆန်းရွန်းလဲ့ နေသည် ။

ဆောင့်ကြောင့်ထိုင်ကာ ဟိုရွှေ့ဒီရွှေ့နဲ့
အကြိုက်ခူးနေသည် ။ ကျွန်တော်သူ့ဘေးမှာသာ
လိုက်ထိုင်လိုက်သည် ။

နွေမှာဆွေးစေWhere stories live. Discover now