Part 14 (Unicode)

Start from the beginning
                                        

ဘုန်းထက်က ကျွန်တော့်ပါးလေးကို သူ့လက်မနဲ့ဖွဖွလေးလှမ်းထိပြီးတော့မှ ကုတင်ပေါ်မှာထိုင်နေရာကနေ ထသွားကာ အပြင်ဘက်ကို ထွက်သွားလေသည်။

ကျွန်တော်လဲ ရေတစ်ငုံသောက်လိုက်ကာ အိပ်ရာပေါ်ကနေ ထလိုက်ပြီး ခွက်ကို ကုတင်ဘေးက စင်လေးပေါ်မှာ တင်ထားလိုက်သည်။

ဘုန်းထက်ခုနက ထိုင်နေတဲ့ စားပွဲက ပြတင်းပေါက်နဲ့ တန်းနေတာကြောင့် လိုက်ကာစ တစ်ဖက်ကို သိမ်းလိုက်ပြီး အဲ့ဒီစားပွဲနားက ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်လေသည်။ အရင်လတွေတုန်းက ဘုန်းထက်စာကြည့်ခန်းထဲမှာအလုပ်လုပ်နေတဲ့ အချိန်တွေမှာ ဒီလို ထိုင်ကြည့်နေခဲ့မိတာတွေကိုပါ တစ်ဆက်တည်းသတိရမိသွားတာကြောင့် ပြုံးလိုက်မိသည်။

ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်မိတော့ လပြည့်နေတာကို တွေ့လိုက်ရတာကြောင့် ငေးကြည့်နေမိသည်။ ခဏကြာတော့ တံခါးဖွင့်သံ ကြားလိုက်ရကာ ဘုန်းထက်က ဝင်လာလေသည်။ နောက်ကနေ နန်းတွင်းသူ တစ်ယောက် ပါလာကာ လက်ထဲမှာ ပန်းကန်လုံးလေးတင်ထားသော ဗန်းတစ်ခုကို ကိုင်ထားလေသည်။

"ဒီမှာပဲ တင်ထားခဲ့ပေးပါ။"

ဘုန်းထက်ကပြောပြီး စားပွဲပေါ်ကို ညွှန်ပြလိုက်တော့ နန်းတွင်းသူက ဗန်းကို တင်ထားပေးခဲ့လေသည်။ ပြီးတော့မှ ဦးညွှတ်အရိုအသေပြုကာ ထွက်သွားလေသည်။ တံခါးပြန်ပိတ်သွားတော့မှ ဘုန်းထက်က ဗန်းကိုယူလာကာ ကျွန်တော်ရှိတဲ့ အနားကိုလျှောက်လာလေသည်။ ဗန်းကို စားပွဲအနိမ့်လေးပေါ်ကို တင်လိုက်ပြီး သူကတော့ ကျွန်တော့်ဘေးမှာ ထိုင်လိုက်လေသည်။

"လိုက်ကာ ဖွင့်ထားတော့ အေးနေမှာပေါ့။ ကျွန်တော် အကို့အတွက် စောင်သွားယူပေးမယ်။"

"ရတယ်။ မယူနဲ့။"

သူက ပြန်ထသွားမလို့ ပြင်နေတာကြောင့် သူ့ကို ပြန်ဆွဲထားလိုက်သည်။ ပြီးတော့မှ သူ့ပေါင်ပေါ် ဘေးတစောင်း တက်ထိုင်လိုက်ကာ သူ့ကို ဖက်ထားလိုက်ပြီး မျက်နှာကို သူ့ရင်ခွင်ထဲ အပ်ထားလိုက်လေသည်။

"ခုနကမှ ရေချိုးထားတာလား။ အနံ့သင်းသင်းလေးရနေတုန်းပဲ။"

RestartWhere stories live. Discover now