Part 3 ( Unicode)

128 8 0
                                        

အသစ်တဖန်

...................

အပိုင်း (၃)

..............................

တံခါးကိုဖွင့်လိုက်တော့ ကျယ်ဝန်းသော စာကြည့်ခန်းကိုတွေ့လိုက်ရသည်။ စာအုပ်တွေအစီအရီတင်ထားသော စင် ၁၅ ခုလောက်ကို အစီအရီချထားကာ ပြတင်းပေါက်ကို မျက်နှာမူထားသောဘက်မှာ စာကြည့်စားပွဲ တစ်ခုလဲရှိနေလေသည်။

စာကြည့်စားပွဲက ခုံအမြင့်ဖြစ်ပြီး သက်တောင့်သက်သာထိုင်နိုင်ဖို့အတွက် ကျောမီပါသောခုံတန်းတစ်ခုကို ချထားပေးသည်။ ခုံတန်းက တော်တော်ကျယ်ဝန်းကာ တစ်ယောက်အိပ်ကုတင် အကျယ်လောက်ရှိလေသည်။ ကျောမှီဖို့အတွက် ခေါင်းအုံးနှင့် ခြေထောက်အောက်ခုဖို့အတွက် ဖက်လုံးပုံ အသေးလေးနှစ်ခုလဲထားထားလေသည်။

'ဒီမှာပဲအိပ်လိုက်ရင်လဲအဆင်ပြေတာပဲ'

ကိုယ့်ဘာသာတွေးလိုက်မိကာ အပေါ်ရုံအဝတ်ကို ချွတ်လိုက်ပြီး ခုံနောက်မှီမှာ လွှားထားလိုက်သည်။ ပြီးတော့မှ လှဲအိပ်ကြည့်လိုက်ရင်း သဘောကျနေမိသည်။ ဟိုအရင် စာရေးဆရာ မဖြစ်သေးခင် ဝါသနာရှင်အဆင့်ပဲရှိသေးတဲ့ အချိန်တုန်းက စားပွဲအနိမ့်လေးတစ်လုံးကို အိပ်ရာဘေးမှာထားကာ စာရေးလိုက်၊ လှဲရင်းနဲ့ စဉ်းစားလိုက်လုပ်ခဲ့တာတွေကို သတိရမိသွားကာ ပြုံးလိုက်မိသည်။

ခုံတန်းပေါ်မှာ မွေ့ယာအပါးလေးလိုခံထားတာမို့ အိပ်ရတာလဲ သက်တောင့်သက်သာရှိလေသည်။ လှဲနေရာကနေ ထထိုင်လိုက်ကာ စားပွဲပေါ်က စာလိပ်တွေထဲက အပေါ်ဆုံးက တစ်ခုကိုယူဖတ်ကြည့်လိုက်သည်။

အမတ်တစ်ယောက်တင်ပြထားသော စစ်တပ်အင်အားကို စစ်တမ်းကောက်ထားတဲ့ စာရင်းဖြစ်နေတာမို့ နောက်မှသေချာကြည့်ရန် တစ်ဖက်မှာ ပုံထားလိုက်သည်။ နောက်တစ်လိပ်ကို ဖွင့်ကြည့်လိုက်တော့

"အဆွေတော်..."

ပထမဆုံးစကားလုံးသုံးလုံးကို ခပ်တိုးတိုး အသံထွက်ဖတ်လိုက်မိပြီးနောက် ခဏရပ်ထားမိသည်။

စာရွက်ကို ပြန့်သွားအောင် သေချာဖြန့်လိုက်ကာ ကိုယ့်စိတ်ကို အေးအေးဆေးဆေး ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ကြောက်တာမျိုးတော့ မဟုတ်ပေ။ စိတ်လှုပ်ရှားပြီး သိချင်စိတ်ဖြစ်မိတာဆို ပိုမှန်မည်ထင်သည်။

RestartWhere stories live. Discover now