Part 5 (Unicode)

107 6 0
                                        

အသစ်တစ်ဖန်

.....................

အပိုင်း (၅)

........................

အမတ်တွေ တစ်ယောက်ပြီးတစ်ယောက် တင်ပြစရာရှိတာတွေ ပြောပြီးတော့ စာလိပ်တွေ အသီးသီး လာပေးသွားကြသည်။ သူတို့ တင်ပြသွားတဲ့ အကြောင်းအရာတွေကိုကြည့်ပြီးတော့ ဘယ်သူက ဘယ်အပိုင်းတာဝန်ယူထားလဲဆိုတာ အကြမ်းဖျင်းတော့ သိသွားပြီဖြစ်သည်။

"အရှင်မင်းကြီး မိန့်ကြားစရာများ ရှိပါသေးလား။"

အမတ်တစ်ယောက်က မေးလာတာမို့ အားလုံးကိုဝေ့ကြည့်လိုက်ကာ

"မရှိတော့ပါဘူး။ ညီလာခံသိမ်းမယ်။"

ကျွန်တော့်စကားဆုံးတော့ အားလုံးက မတ်တပ်ထရပ်လိုက်ကြသည်။

"မင်းကြီးနဲ့ မိဖုရားကြီး ပြန်လည် ကြွပါတော့မယ်။"

ဘေးနားမှာ ရပ်နေတဲ့ ဦးလေးကြီးအရွယ်တစ်ယောက်က ရှေ့ကနေ ထွက်ကာ ကျွန်တော်ရှိရာကို လှည့်ကြည့်လိုက်တာမို့ ကျွန်တော်လဲထကာ သူ့နောက်က လိုက်ခဲ့လိုက်သည်။ ဟို ကိုကို ဆိုသော တစ်ယောက်ကပါ ထလာကာ ဘေးချင်းယှဉ်လျက်လျှောက်ရင်း ခန်းမထဲက ထွက်ခဲ့ကြသည်။

"ကြင်ယာတော်က အဆောင်ကိုပြန်ပြီး တရားဝင်အမိန့်စာလာမှာကို စောင့်နေပေးပါ။"

"ကောင်းပါပြီ အထိန်းတော်ကြီး"

ကိုကို ဆိုတဲ့တစ်ယောက်က ကျွန်တော့်ဘက်လှည့်လာကာ

"ခွင့်ပြုပါဦး အရှင်မင်းကြီး"

အသားလေးခါးညွတ်ကာ နှုတ်ဆက်ပြီး ထွက်သွားလေသည်။ သူ့မျက်နှာလေး ညှိုးနေတာကို ကြည့်နေမိတာမို့ ခေါင်းညိတ်ပြီး ခွင့်ပြုလိုက်မိလားတောင် မသိလိုက်ပေ။

"အမတ်တွေလျှောက်တင်စရာကျန်ရင် သီးသန့်လျှောက်တင်နိုင်ဖို့ အရှင်မင်းကြီးက တွေ့ဆုံဆွေးနွေးခန်း ကို ကြွပေးပါ"

ဘေးကနေ အသံထွက်လာမှ စိတ်နဲ့လူနဲ့ ပြန်ကပ်မိတော့သည်။ သူတို့ရှေ့ကလမ်းပြမှ ဘယ်အဆောင်က ဘယ်မှာရှိသလဲသိရမှာမို့ ခပ်တည်တည်နဲ့ပဲ အမိန့်ပေးသလိုပြောလိုက်သည်။

RestartWhere stories live. Discover now