Part 1 (Unicode)

325 12 0
                                        

အသစ်တစ်ဖန်................အပိုင်း (၁).........................ဘုန်းထက်ဝဠာ"ပြီးပါပြီ"Laptop က screen မှာ ရိုက်ပြီးတော့ လက်တွေကို တဂျွတ်ဂျွတ်မြည်အောင်ချိုးရင်းက ကိုယ်ရေးထားတဲ့ စာတွေကို ပြန်ဖတ်နေလိုက်သည်။"ကဲ...နောက်ဆုံးတော့ ငါ့ရဲ့လုပ်လက်စကို လက်စသတ်နိုင်ခဲ့ပြီ။ငါ့ဘဝကို အဆုံးသတ်လို့ရပြီ။"မျက်နှာပေါ်မှာ ခပ်မဲ့မဲ့ အပြုံးတစ်ခုပေါ်လာကာ ထိုင်ခုံပေါ်မှာနောက်မှီကာ ထိုင်ချလိုက်သည်။ဒီဘဝမှာ ရှင်သန်နေရတာ ဘာအဓိပ္ပာယ်များရှိသလဲ။ ဖြစ်ချင်တာတွေ၊ ရချင်တာတွေ ဘာမှ မရှိတော့ဘူး။ လိုချင်တာလဲ မရှိသလို ကိုယ်ပေးချင်တာတွေကို လက်ခံပေးမယ့်သူလဲ မရှိဘူး။ဘယ်က စပြီး အမြစ်တွယ်မှန်းမသိတဲ့ စိတ်ကျရောဂါလိုလို ဘာလိုလို လူကြားထဲသွားရတာ စိတ်ရှုပ်တဲ့ ခံစားချက်တစ်ခုကလဲ ကပ်ပါးကောင်လို တွယ်ကပ်နေသေးတယ်။ကော်ဖီခွက်ထဲက အေးစက်နေပြီဖြစ်တဲ့ ကော်ဖီလက်ကျန်ကိုကောက်မော့ကာ အတွေးတို့က ဟိုဟိုဒီဒီ တောင်စဉ်ရေမရ လွင့်မြောသွားပြန်သည်။"ဒီဒုက္ခတရားဟာ ငါ့အတွက်ဆူးတဲ့လား။ နေထွက်ရာဘက်ကို ညထင်မှတ်ကာမှား ငါ့မှာပြန်လမ်းမရှိ...."ဖုန်းမြည်လာတာမို့ကောက်ကိုင်လိုက်တော့"စာရေးတာပြီးပြီလား။ ဘယ်တော့လာယူရမှာလဲ"ခပ်ငေါက်ငေါက် အသံထွက်လာကတည်းက သူစိတ်တိုနေပြီဆိုတာ သိလိုက်ရပြီ။ ဖုန်းကိုခပ်ခွာခွာကိုင်ထားမိတာမို့ တော်သေးရဲ့။ မဟုတ်ရင် နားအူပြီး ခေါင်းတွေပါနောက်ကုန်တော့မှာဖြစ်သည်။ ကျွန်တော်ခပ်ဟဟရယ်လိုက်ကာ"ငါ mail ကနေပို့ပေးလိုက်မှာပါကွာ။ မင်းလာယူစရာမလိုပါဘူး။ အခုက စိတ်တိုင်းမကျသေးလို့ ခဏပြန်ကြည့်နေတာ။ စိတ်လျှော့ပါ editor ကြီးရယ်""ဘာစိတ်တိုင်းမကျတာလဲ။ editor ကြီးတွေဘာတွေလာလုပ်မနေနဲ့။ ပစ်ထုတ်လို့မရတဲ့ သူငယ်ချင်းမို့လို့ မင်းကိုဒီလောက်အထိ သည်းခံနေတာ။ အခုတောင်ဘယ်နှရက်ကျော်နေပြီလဲသိရဲ့လား။ မင်းအဲ့လိုလုပ်နေတာနဲ့ ငါတို့က စာအုပ်ထုတ်တာကို ကတိုက်ကရိုက်တွေလုပ်ရဦးမယ်။ အလုပ်ကိုလဲ နည်းနည်းပါးပါးလေး ဂရုတစိုက်လုပ်ပါလား အရူးရဲ့""ဟားဟားဟား....အေးပါကွာ နာရီဝက်ပဲစောင့်။ ခဏနေပို့လိုက်မယ်။"သူဆက်ပြီး ဆူနေမှာကို မခံစားနိုင်တော့တာမို့ ဖုန်းကိုချလိုက်ရသည်။ ကိုယ့်ဘာသာ စိတ်ညစ်နေတာလေးတောင်ဘယ်ရောက်သွားမှန်းမသိလိုက်။ကော်ဖီကို ထပ်မော့လိုက်တော့ ခွက်ထဲမှာ ဘာမှမရှိတော့။"ကော်ဖီ သွားထပ်ထည့်ဦးမှပါပဲ"ကိုယ့်ဘာသာ တစ်ယောက်တည်းရေရွတ်ကာ ထိုင်နေရာက ထပြီး မီးဖိုချောင်ဘက် ထွက်ခဲ့လိုက်သည်။"အ..."ခြေထောက်အောက်မှာ ကျောက်တုံးလိုလို နင်းမိတာမို့ ကောက်ယူကြည့်လိုက်မိသည်။ချောမွတ်နေသော ဖန်တုံးအကြည်ရောင်လေးရဲ့ အထဲဘက်မှာ အရုပ်လေးတွေပုံဖော်ထားတာက လက်ရာမြောက်လှသည်။ ဒါ ကျွန်တော့်အကိုရဲ့ စုဆောင်းမှုထဲက ကျောက်တစ်တုံးဖြစ်ရမည်။ အထဲက ပုံဖော်ထားတာလေးကို သေချာကြည့် မိတော့မှ နဂါးနှစ်ကောင်ပုံဖော်ထားတာဖြစ်သည်။ တစ်ကောင်က အပြာရောင်တောက်နေကာ တစ်ကောင်က အနီရောင်မီးတောက်မီးလျှံများ ဖြာထွက်နေပုံနှင့် ဖြစ်သည်။ တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင် အတောင်ပံဖြန့်ထားပုံက အခုပဲ တိုက်ခိုက်ကြတော့မယ့် အသွင်မျိုးဆောင်နေလေသည်။"သူလာမှပြန်ပေးတော့မယ်။"အကိုဖြစ်သူက အလုပ်က ပြန်မလာသေးတာမို့ နောက်မှပေးဖို့ ဆုံးဖြတ်လိုက်ကာ ကိုယ့် အိပ်ရာပေါ်ကိုပဲ လှမ်းပစ်တင်လိုက်သည်။ကော်ဖီထည့်ပြီးပြန်လာကာ တစ်ငုံသောက်ပြီး Laptop ရှေ့မှာထိုင်ရပြန်သည်။ နောက်ဆုံးတစ်ခေါက် စာလုံးပေါင်းတွေပြန်စစ်ပြီးတော့ ခုနက ဖုန်းဆက်ပြီး ဆူသွားတဲ့ စာအုပ်ဖြန့်ချိရေးပိုင်ရှင် သူငယ်ချင်းကြီးရဲ့ email ကို စာမူလှမ်းပို့ဖို့လုပ်ရတော့သည်။"အခုအချိန်ထိ ကူညီပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်။ Wish you, good luck buddy"စာမူဖိုင်တွဲနှင့်အတူ စာတိုလေးရေးကာပို့လိုက်ပြီးနောက် Laptop ကိုပိတ်လိုက်သည်။စားပွဲပေါ်တင်ထားတဲ့ ဆေးလုံးလေးတွေအပြည့်ပါတဲ့ ဆေးဗူးကို လှမ်းယူကာ သေချာကြည့်နေမိသည်။အပြာတောက်တောက် အလင်းရောင်လေးတစ်ခုကို တွေ့လိုက်ရတာမို့ မျက်လုံးကိုရွှေ့လိုက်တော့ ခုနက ကျောက်တုံးလေးကနေ အလင်းရောင်တွေဖြာထွက်နေတာဖြစ်သည်။ မျက်စိဆူးလောက်အောင်တောက်နေတာမျိုးမဟုတ်တာကြောင့် ကောက်ယူကာ ကြည့်လိုက်မိသည်။ရုတ်တရက် လူက အသိစိတ်မကပ်ချင်သလိုဖြစ်လာကာ လေဟာနယ်ထဲလွင့်မြောသွားသလိုခံစားလိုက်ရသည်။ မျက်လုံးကို မမှိတ်အောင်အားတင်းကာကြိုးစားနေမိရင်း ခပ်ဝါးဝါးပုံရိပ်တွေကိုပဲ သိချင်စိတ်နဲ့ အားစိုက်ပြီးကြည့်နေမိသည်။"အဆွေတော်..."အသံတစ်ခုကို ကြားယောင်လာတာမို့ မျက်စိကြည်လာလို ကြည်လာငြား ခေါင်းကိုခါကာ အသံပိုင်ရှင်ကို စူးစိုက်ရှာဖွေမိသည်။"အဆွေတော်လဲ ကိုယ့်ဘဝကိုယ် စိတ်ပျက်နေသလို ကျွန်တော်လဲ ဒီမှာနေရတာ မပျော်ဘူးဖြစ်နေတယ်။ ကျွန်တော်မျိုးတို့နှစ်ယောက်ဘဝတွေလဲလို့ရမယ်ဆိုရင် လဲဖို့ အဆွေတော်မှာ ဆန္ဒရှိသလားသိပါရစေ။""ဘဝချင်းလဲမယ်။ အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘုန်းထက်ရေ မင်းရဲ့အရူးရောဂါက တော်ရုံတောင်မဟုတ်တော့ဘူးပဲ။ အခုတော့ အသံတွေပါကြားယောင်တဲ့ အဆင့်ဖြစ်လာပြီ။ ဟားဟားဟား....ကောင်းပြီလေ။ ငါ့ဘဝက ဘာမှ အဖိုးတန်တာမဟုတ်ဘူး။ ငါတောင်ပစ်ထားခဲ့တော့မလို့လုပ်နေတာ မင်းလိုချင်သပ ဆိုလဲ ယူလိုက်လေ"ဘယ်လိုတောင် အသံတွေပါ ကြားယောင်ရတာလဲ။ တကယ်ပဲ ငါ သွက်သွက်ခါအောင်ရူးသွားပြီလား။ မျက်လုံးကို ခဏမှိတ်ကာ ငြိမ်နေလိုက်တော့ ဘာအသံမှ ထပ်မကြားရတော့။ မျက်လုံးပြန်ဖွင့်လိုက်တဲ့ အချိန်မှာ ဘာအလင်းရောင်မှလဲ မရှိသလို ဘာမှလဲထူးထူးခြားခြားပြောင်းလဲနေတာမျိုးမရှိပေ။"မင်းလဲ အိပ်ရေးပျက်တာများပြီး လွတ်နေပြီထင်တယ် ဘုန်းထက်ရေ...ဟားဟား..."ကိုယ့်ကိုကိုယ် ပြန်လှောင်ရယ်ပစ်လိုက်ကာ အိပ်ရာပေါ်လှဲချပစ်လိုက်သည်။ မျက်နှာကျက်ကို စိုက်ကြည့်နေမိရာက အရမ်းကိုအိပ်ငိုက်လာကာ နောက်ဆုံးမှာတော့ အိပ်ပျော်သွားလေတော့သည်။................."ဒေါက်...ဒေါက်...ဒေါက်"ဘယ်လောက်ကြာကြာထိအိပ်ပျော်သွားမှန်းမသိပဲ တံခါးခေါက်သံကြောင့် လူက ဆတ်ခနဲဖြစ်သွားမိသည်။"သော့မယူသွားပြန်ဘူးလားကွာ...."အကိုဖြစ်သူက လွဲပြီး တခြားသူတံခါးလာခေါက်စရာအကြောင်းမရှိတာမို့ အိပ်မံှုစုံမွှားကနေပဲ အိပ်ရာကနေထလိုက်မိသည်။လူက မိုက်ခနဲ မူးဝေသွားတာမို့ လိုက်ကာစကို ကိုင်ကာ ခဏရပ်နေမိသည်။ ခြေထောက်အောက်က ကြမ်းပြင်ကလည်နေသလိုကို မူးဝေနေတာဖြစ်သည်။"ခဏလေး...ခဏလေး..."အဆက်မပြတ်ထွက်ပေါ်နေသော တံခါးခေါက်သံကြောင့် ခဏစောင့်ဖို့လှမ်းပြောကာ နေရာမှာပဲရပ်နေမိသည်။စိတ်ကိုတည်ငြိမ်အောင်ထိန်းကာ မျက်လုံးကိုပြန်ဖွင့်လိုက်တော့ ကိုယ့်မျက်စိရှေ့မှာ အရင်ဆုံးမြင်လိုက်ရတာက အနီရောင်ပိတ်စတစ်ခုဖြစ်နေသည်။ အဲ့ဒီပိတ်စကို ကိုင်ထားတဲ့ ကိုယ့်လက်ကို မြင်လိုက်ရတာမို့ လန့်သွားကာ လက်လွှတ်လိုက်မိသည်။ကျွန်တော့်အခန်းအဝက လိုက်ကာစက အနီရောင်မဟုတ်တာတော့သေချာလေသည်။ အရောင်ရင့်ရင့်တွေကြိုက်တတ်ပေမဲ့ အနီရောင်ကိုတော့ မကြိုက်မိပေ။ ပြီးတော့ လိုက်ကာစက ကိုယ်တိုင်ရွေးထားတာမို့ နီညိုရောင်ရင့်ရင့်ဆိုတာသေချာသိနေသည်။"မြန်မြန်လုပ်လေ ဘုန်းထက်...ကိုကို ပင်ပန်းနေပြီ"ကိုယ့်ဘာသာထိတ်လန့်နေတာမို့ ဘေးပတ်ဝန်းကျင်ကို အခုထိ မကြည့်မိသေးပေ။ အသံတစ်သံကို အနီးကပ်ကြီးကြားလိုက်ရတာမို့ လူက ခေါင်းမွှေးတွေပါထောင်သွားသလိုပင်။ကိုကို....အဲ့ဒါ ဘယ်သူကြီးလဲ....ဝဠာဆိုတာ ငါ့နာမည်ဟုတ်ပေမဲ့ တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကိုမှ ကိုကို လို့မခေါ်ခဲ့ဖူးပေ။ အသက် ၄ နှစ်လောက်ကွာတဲ့ ကိုယ့်အကိုအရင်းကိုတောင် နာမည်ပဲခေါ်ခဲ့တာဖြစ်သည်။သူ ဘယ်သူလဲ ဆိုတာထက် ငါက အခုဘယ်ရောက်နေတာလဲ။ ခုနက ကြားနေရတဲ့ တံခါးခေါက်သံကို မကြားရတော့ပဲ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ဆီမီးရောင်လိုလို ဝါကျင့်ကျင့်မီးရောင်လေးက တစ်ခန်းလုံးကို လင်းထိန်နေစေသည်။ဘေးပတ်ဝန်းကျင်ကို မျက်စိကစားမိတော့ သစ်သားစားပွဲဝိုင်းတစ်ခုကို တွေ့လိုက်ရသည်။ အဲ့ဒီစားပွဲဝိုင်းကို ဝိုင်းပြီးချထားတဲ့ ခုံတွေထဲက တစ်ခုံပေါ်မှာ လူတစ်ယောက်က ခေါင်းပေါ်မှာ ပဝါအနီရောင်ကိုအုပ်ထားကာ ထိုင်နေတာဖြစ်သည်။ဒီလို နီနီရဲရဲ အပြင်အဆင်တွေကို ငါရင်းနှီးနေသလိုပဲ။ ဘယ်မှာတွေ့ဖူးတာပါလိမ့်။သစ်သားတွေကို အဓိက သုံးပြီး အခန်းတစ်ခုလုံးကို ဖွဲ့စည်းထားတာဖြစ်သည်။သိပြီ။ ငယ်ငယ်ကကြည့်တဲ့ တရုတ်သိုင်းကားတွေထဲက အခန်း။ အရမ်းကိုမြင်ဖူးချင်နေခဲ့တဲ့နေရာတွေပေါ့။ ဟားဟား..."ဘုန်းထက်"ထိုင်နေတဲ့ လူဆီက ခပ်ဆောင့်ဆောင့်အသံထွက်လာတာမို့ ကိုယ့်ဘာသာ မျက်စိဝေ့ကြည့်နေရာကနေ လန့်သွားမိသည်။"ဟမ်..."သူ့ကိုထူးလိုက်တာမဟုတ်ပဲ ကိုယ့်ဘာသာလန့်ပြီး အသံထွက်သွားမိတာဖြစ်သည်။"ပဝါကို ဖယ်ပေးတော့လေ""သြော်...အင်း"ပဝါကို ဖယ်လိုက်တော့ ချောမောနုဖတ်နေသော မျက်နှာနှင့်ယောကျာ်းလေးတစ်ယောက်ကိုမြင်လိုက်ရလေသည်။ နုဖတ်ပြီးချောမွေ့နေပုံက ပြားချပ်နေတဲ့ ရင်ဘတ်ကြောင့်သာ မဟုတ်ရင် မိန်းကလေးလို့ထင်မိမှာပင်။ ထင်းနေသောမေးရိုးရှိပေမဲ့ မျက်လုံးပြူးပြူးလေးများ၊ မျက်တောင်မွှေးရှည်ရှည်လေးများနှင့် ချစ်စရာပုံစံမျိုးလေးဖြစ်သည်။ ခပ်ဖူးဖူးသူ့နှုတ်ခမ်းတစ်စုံကတော့ စူထော်နေပြီဖြစ်သည်။"ဘာတွေ လိုက်ကြည့်နေတာလဲ။ အင်္ကျ ီ ကူချွတ်ပေးဦး""ဘာ..."ကျွန်တော်က သူ့အင်္ကျ ီကို ကူချွတ်ပေးရမယ်ဆိုပဲ။ ချွတ်ပေးစရာလား။ လမ်းသွားရင်တောင်လူတွေနဲ့ ထိမိမှာစိုးလို့ ခပ်ခွာခွာလျှောက်တာဖြစ်သည်။ အခုက အင်္ကျ ီလဲဖို့ ဆိုတော့ သူနဲ့မထိမိပဲနေမှာမဟုတ်ပေ။"ဘုန်းထက်...မင်္ဂလာပွဲမှာကတည်းက ဘာဖြစ်နေတာလဲ။ အူကြောင်ကြောင်နဲ့... ကိုကို စိတ်တိုလာပြီနော်။""ဖြန်း..."

RestartWhere stories live. Discover now