Part 4 (Unicode)

121 8 0
                                        

အသစ်တဖန်

..............

အပိုင်း (၄)

..................

"ကိုကို့ ကို ဖက်ဖို့မေ့နေတာလား" လို့ သူကမေးလာတော့ ကျွန်တော်ဘာပြန်ပြောရမှန်းမသိပဲ ဒီအတိုင်းရပ်နေမိသည်။

"ဟားဟား...အရင်ကလို အိပ်ရာထဲက မထဘဲအော်နေတာမျိုးမလုပ်လို့ ကိုကို က အံ့သြပြီးစလိုက်တာပါ။ ဘုန်းထက်တစ်ခုခုပြောင်းလဲနေသလိုပဲ။မနေ့ကတည်းက တစ်မျိုးကြီးဖြစ်နေတာလေ။ စိတ်မကြည်စရာရှိနေတာလား။"

ကျွန်တော်က ခေါင်းအသာခါပြလိုက်တော့ သူက မေးထောက်ကာ စဉ်းစားနေပုံမျိုးလုပ်နေရင်းက

"ဒါဆို...ကိုကို့ ကို စိတ်ဆိုးနေတာလား။"

"မဟုတ်ပါဘူး။ ကျွန်တော်ဘယ်သူ့ကိုမှ စိတ်မဆိုးဘူး။ အခု ကျွန်တော်က အိမ်ထောင်သည်ယောကျာ်းဖြစ်နေပြီလေ။ အဲ့ဒါကြောင့် တည်တည်တံ့တံ့ နေကြည့်နေတာပါ။"

ကျွန်တော်ပြန်ပြောလိုက်တော့ မှ သူက ပြုံးသွားကာ

"ကိုကို တို့က တကယ်လက်ထပ်တာမှ မဟုတ်တာ။ ဘုန်းထက် အရင်လိုပဲ ပေါ့ပေါ့ပါးပါး နေလို့ရပါတယ်။ ကိုကို ကတော့ ကိုကို့ ကို ချွဲနေကျ ကလေးဆိုးလေးကိုပဲ ပြန်လိုချင်တယ်။ အခုလို ခပ်တည်တည်ကြီးနေတော့ တခြားလူတစ်ယောက်လိုပဲ ခံစားရတယ်။"

'တခြားလူပဲဟာကို...တခြားလူလို့ပဲ ခံစားရမှာပေါ့။ ကိုယ့်အိမ်က မိဘကိုတောင် ချွဲချွဲနွဲ့နွဲ့မနေတာ။ ခင်ဗျားကိုချွဲဖို့ဆိုတာ အဝေးကြီးပဲ။ မင်းကြီးဆိုတဲ့တစ်ယောက်ကလဲ ဘုရင်ဂုဏ်ပုဒ်မှ မထောက် ဘယ်လိုတောင် ကလေးဆိုးကြီးလုပ်နေခဲ့တာလဲ မသိပါဘူး။'

ထုတ်ပြောလို့မဖြစ်တဲ့စကားတွေမို့ ကိုယ့်အတွေးထဲကိုယ့်ဘာသာပြောနေမိသည်။ ပြီးတော့မှ

"ညီလာခံနောက်ကျလို့မရဘူးဆို။ ကျွန်တော်အခု ရေသွားချိုးတော့မယ်"

သူပြန်ပြောတာကို မစောင့်တော့ပဲ အပြင်ထွက်ခဲ့လိုက်တော့သည်။ မနေ့ညကအတိုင်းပဲ လူတွေလာစောင့်နေတာမို့ သူတို့နဲ့လိုက်သွားကာ ရေချိုးပြီး ပြန်လာခဲ့လိုက်သည်။

RestartWhere stories live. Discover now