Part 6 ( Unicode)

119 6 0
                                        

အသစ်တစ်ဖန်

..................

အပိုင်း (၆)

.........................

'ဟောဗျာ...ဟိုဘုရင်နဲ့အမတ်ကို ဒီ နေဝန်းငယ်က ထိန်းနေရတယ်ထင်တာ။လက်စသတ်တော့ သူကပါ ကလေးဆိုးကြီး ဖြစ်နေတာပါလား။'

မျက်နှာလေးနီပြီး တရှုံ့ရှုံ့ငိုနေတာက တကယ်ပဲ ကလေးလေးနှင့်တူနေလေသည်။ကျွန်တော်သူ့မေးဖျားလေးကိုပင့်ယူလိုက်ကာ မျက်ရည်လေးတွေကို အင်္ကျ ီလက်ဖျားစနဲ့ သုတ်ပေးလိုက်သည်။

"ကျွန်တော် တကယ်စိတ်မဆိုးပါဘူး။ အဲ့ဒါကြောင့် မငိုပါနဲ့တော့နော်"

သူက ကျွန်တော့်ကို မျက်လုံးပြူးပြူးလေးတွေနှင့် အံ့သြသလိုလေး မော့ကြည့်လာလေသည်။ ခဏနေတော့မှ သူ့အကြည့်ကိုတခြားကို လွှဲလိုက်ကာ မျက်နှာလေးကိုပါ တခြားဘက်လှည့်လိုက်ရင်း ကျွန်တော်ကိုင်ထားတာကနေရှောင်လိုက်လေသည်။

သူ့မျက်နှာလေးကို သူ့လက်လေးနှစ်ဖက်နဲ့ ပွတ်သုတ်လိုက်သည်။ ပြီးတော့မှ

"ကျွန်တော်မျိုး မရင့်ကျက်သလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး"

ထိုင်ခုံကနေထကာ အောက်မှာဒူးထောက်မလို့လုပ်နေတော့ သူ့လက်လေးတွေကို လှမ်းဆွဲလိုက်ရင်းက ခုံမှာပြန်ထိုင်ခိုင်းလိုက်သည်။

"တောင်းပန်ဖို့မလိုပါဘူး။ ကြင်ယာတော်လဲ တစ်ခါတစ်လေ စိတ်အခန့်မသင့်တာမျိုးဖြစ်နိုင်တာပဲလေ။ အဲ့ဒါတွေထားလိုက်တော့"

သူ့ရှေ့က ထမင်းစားတူကို ယူကာ သူ့လက်ကလေးထဲကို ထည့်ပေးလိုက်သည်။ဟင်းတချို့ကိုပါယူကာ သူ့ပန်းကန်လုံးလေးထဲ ထည့်ပေးတော့ ဘာမှပြန်မပြောပဲ လိမ်လိမ်မာမာလေးစားနေလေသည်။

ဘုန်းထက်တကယ်ကြီးကိုပြောင်းလဲသွားတာဖြစ်သည်။ ပုံပန်းသွင်ပြင်က အရင်အတိုင်းပဲပေမယ့် မမြင်ရတဲ့ တစ်ခုခုက ပြောင်းလဲသွားတာတော့ သေချာလေသည်။ အရင်ဆို ကျွန်တော့်ကို စိတ်ဆိုးအောင် တမင်လိုက်စနေတဲ့လူက ဒီနေ့တော့ မျက်ရည်တွေကိုပါ ဖွဖွလေးသုတ်ပေးနေသေးသည်။ စကားပြောတဲ့ပုံစံကအစ တည်ငြိမ်ရင့်ကျက်နေတာများ ကျွန်တော့်ထက်အသက်ကြီးတဲ့လူကြီးတစ်ယောက်လိုပင်။

RestartWhere stories live. Discover now