Part 14 (Unicode)

Start from the beginning
                                        

"အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ် အရှင်မင်းကြီး"

တံခါးဖွင့်သံကြားလိုက်ရတာကြောင့် နန်းတွင်းသူတွေ ပြန်ရောက်လာပြီဆိုတာကို သိလိုက်ရလေသည်။

"အပြင်က နန်းတွင်းသူတွေကို ကိုယ်တော်ဆောင်ရွက်ခိုင်းထားတာတွေ ရှိတယ်။ အဲ့ဒါ အထိန်းတော်ကြီးက သွားပြီး ကြပ်မတ် စစ်ဆေးပေးပါ။ မိဖုရားကြီးကို ကိုယ်လက်သန့်စင်ပေးတာကို ကိုယ်တော် လုပ်လိုက်မှာမို့လို့ အားလုံးသွားလို့ရပါပြီ။"

တံခါးဖွင့်သံ ထပ်ကြားရပြီး စကားသံတွေတော့ မကြားရတော့ပေ။ အားလုံးထွက်သွားပြီး ဘုန်းထက်ပဲ ကျန်နေခဲ့တာဖြစ်မည်။

ဘုန်းထက်က ကုတင်နားကို လျှောက်လာကာ ကျွန်တော့်ကို ပက်လက်ဖြစ်သွားအောင် အသာလေးရွှေ့ပေးလိုက်လေသည်။ ပြီးတော့မှ အင်္ကျီက ကြိုးကို ဖြည်ကာ လှစ်ဟလိုက်တာကြောင့် ရင်ဘတ်က အေးခနဲဖြစ်သွားလေသည်။

ဘုန်းထက်က ကုတင်နားက ခုံမှာ ထိုင်လိုက်တာကို ခံစားလိုက်မိလေသည်။ မျက်လုံးတွေပေါ်ကို ပဝါနွေးနွေးလေးရောက်လာတော့ အနည်းငယ် အကြောပြေသွားသလို ခံစားလိုက်ရလေသည်။

"ဒီထဲမှာ ကလေးလေး ရှိနေတာတဲ့လား။"

ကျွန်တော့်ဗိုက်ကို သူ့လက်ဝါးနဲ့ ဖွဖွလေး အုပ်ကိုင်လိုက်ပြီး ပွတ်သပ်လိုက်တာကြောင့် သူ့လက်က အနွေးဓာတ်ကို ခံစားလိုက်ရလေသည်။

"ကလေးလေး....အဖေပြောတာ နားထောင်နော်။ မင်းရဲ့ဖေဖေကို ပင်ပန်းအောင်မလုပ်ဘဲနဲ့ လိမ်လိမ်မာမာလေးနေပါ။ အပြင်ကိုရောက်လာတော့မှ ကလေးလေး စိတ်ကြိုက်ဆိုးနိုင်အောင် အဖေက အလိုလိုက်ပေးမှာမို့လို့ ဗိုက်ထဲမှာနေရတဲ့အချိန် ငြိမ်ငြိမ်လေး အိပ်နေပေးရမယ်နော်။ဟုတ်ပြီလား။"

ဗိုက်ပေါ်ကို အနမ်းဖွဖွလေး ကျလာပြီးတော့ ကျွန်တော့်နဖူးပေါ်ကိုလဲ အနမ်းလေးတစ်ပွင့်ကျလာလေသည်။ ကျွန်တော်နဲ့ရတဲ့ ရင်သွေးလေးကို ဘုန်းထက်က မလိုချင်တာမဟုတ်ဘူး ဆိုတာကို သိလိုက်ရတာကြောင့် စိတ်ပူနေတာတွေလျော့ကျသွားရလေသည်။ အဝတ်နွေးနွေးလေးနှင့် ကျွန်တော့်တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်းပွတ်ပေးနေတာကြောင့် သက်တောင့်သက်သာဖြစ်လာကာ ဘယ်အချိန်အိပ်ပျော်သွားမိမှန်းတောင်မသိတော့ဘဲ ဖြစ်သွားလေသည်။

RestartWhere stories live. Discover now