"ဝန်းငယ်လေး စိတ်ပျော်အောင် ဒေါ်ကြီးက စလိုက်တာပါ။ မဟုတ်တာတွေ မတွေးနဲ့တော့နော်။ မင်းကြီးက ဝန်းငယ်လေးအတွက် လိုအပ်တာတွေ စီစဉ်ဖို့ သွားတာနေမှာပါ။"
"ဟုတ်လို့လား။"
"ဟုတ်ပါတယ်။ အခုတော့ အဝတ်လဲဖို့ ခဏ ထလိုက်ဦးနော်။"
အပေါ်ရုံအဝတ်တွေချွတ်ပေးပြီးတော့ ညအိပ်ဝတ်စုံကို နန်းတွင်းသူတစ်ယောက်က ယူလာပေးလေသည်။
"ခြေလက်ဆေးချင်သေးလား ဝန်းငယ်လေး"
"ဟင့်အင်း....တရေးနိုးလာမှပဲ မျက်နှာသစ်တော့မယ်။"
အဝတ်တွေလဲဝတ်ပြီးတော့ ကုတင်ပေါ်ပြန်တက်ကာ လှဲနေလိုက်ရင်းက
"ဒေါ်ကြီး"
ကျွန်တော့်ကို စောင်သေချာခြုံပေးရင်းက အထိန်းတော်ဒေါ်ကြီးက ပြန်ထူးလေသည်။
"ပြောပါရှင်"
"အပြင်မှာ မင်းကြီးဘာတွေမှာနေလဲဆိုတာ သွားပြီး နားထောင်ပေးပါလား။"
"အမလေး ... မလုပ်ပါနဲ့ ဝန်းငယ်လေးရယ်။ မင်းကြီးသိသွားရင် အပြစ်ပေးနေပါလိမ့်မယ်။"
"အပြစ်မပေးအောင် သား ဝိုင်းပြောပေးမှာပေါ့။"
"ခဏလေးပဲ ဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်လိုက်ပါဦးကွယ်။ ဝန်းငယ်လေး သိချင်တာတွေကို မင်းကြီးပြန်လာမှ မေးလိုက်လဲ ရပါတယ်။"
"ဒေါ်ကြီးကလဲ"
အထိန်းတော်ကြီးကို ဂျီကျဖို့ စဉ်းစားနေတုန်း အခန်းတံခါးနားကို ကပ်လာတဲ့ခြေသံကို ကြားလိုက်ရတာကြောင့် လှမ်းကြည့် လိုက်တော့ ဘုန်းထက်ရဲ့ အရိပ်ကို တွေ့လိုက်ရလေသည်။
"သား အိပ်ပျော်နေပြီလို့ ပြောလိုက်နော်။"
အထိန်းတော်ဒေါ်ကြီးကို လှမ်းမှာလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ တခြားဖက်လှည့်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
"မိဖုရားကြီး အိပ်ပျော်သွားပြီလား။"
ပုံမှန်ထက်တိုးတဲ့ အသံနဲ့ပြောနေတာပေမဲ့ သေချာနားထောင်နေတာကြောင့် အခက်အခဲမရှိ ကြားလိုက်ရလေသည်။
YOU ARE READING
Restart
RandomAbout someone who wants to give up on his life. What will happen if he gets a second chance to live again in another person's place?
Part 14 (Unicode)
Start from the beginning
