Part 14 (Unicode)

Start from the beginning
                                        

ကျွန်တော့်မျက်နှာရိပ် မျက်နှာကဲကိုတောင် အကဲမခတ်တော့ဘဲ သူမှာချင်တာတွေမှာခဲ့ပြီး ထွက်သွားပြီဖြစ်သည်။

ကျွန်တော်လှဲနေတဲ့ အနားကို အထိန်းတော်ကြီးက ရောက်လာကာ

"မိဖုရားကြီး ဝတ်အစားလဲဖို့ ကျွန်တော်မျိုးမ ကူညီပေးပါရစေ။"

နန်းတွင်းသူ ၂ ယောက်ကပါ အထိန်းတော်ကြီး အနားရောက်လာကာ ကျွန်တော့်ကို ထူပေးပြီး ခေါင်းအုံး၂ လုံးကိုဆင့်ကာ မှီထိုင်လို့ရအောင် ကူညီပေးကြလေသည်။

"ဒေါ်ကြီး .....ကျွန်တော်နဲ့ရတဲ့ ကလေးကို မင်းကြီးက မလိုချင်ဘူးထင်တယ်။"

"အဲ့လို မဟုတ်လောက်ပါဘူး မိဖုရားကြီး ....ရင်သွေးလေးရတဲ့အတွက် မင်းကြီးလဲ ဝမ်းသာနေမှာပါ။"

ကျွန်တော့်ကို ပြန်ဖြေနေရင်းက ခေါင်းက ဆံပင်ချည်ထားတာတွေကို ဖြည်ချပေးနေလေသည်။

"ဝမ်းသာရင် ဘယ်လိုလုပ် အဲ့လို မျက်နှာတည်တည်ကြီး ဖြစ်နေပါ့မလဲ။ ဒေါ်ကြီးကပါ ဝိုင်းညာပြောတာ။"

ပြောရင်းနှင့် ဝမ်းနည်းလာတာကြောင့် နှုတ်ခမ်းကို ဖိကိုက်ကာ မျက်ရည်ကျမလာအောင် ထိန်းထားလိုက်ရလေသည်။

"ကျွန်တော်မျိုးမ မိဖုရားကြီးကို မလိမ်ညာဝံ့ပါဘူး။"

"ဒေါ်ကြီးက ဘာလို့ အဲ့လောက်ထိ တရိုတသေ ပြောနေရတာလဲ။ အရင်လိုပဲ ခင်ခင်မင်မင် ပြောလဲ ရရဲ့သားနဲ့ကို။ အကုန်လုံးက ဘာလို့ သူစိမ်းလို ဆက်ဆံနေကြတာလဲ။"

"သူစိမ်းလိုဆက်ဆံတာ မဟုတ်ရပါဘူးကွယ်။ အခုက မင်းကြီးနန်းဆောင်မှာဆိုတော့ မင်းကြီး ဝင်လာလို့ ဝန်းငယ်လေးကို ဒေါ်ကြီးက မရိုမသေ ပြောဆိုနေတယ်လို့ထင်သွားပြီး အမျက်တော်ရှခံရမှာကို တွေးမိလို့ပါ။"

"မင်းကြီးက အဲ့လိုကိစ္စတွေနဲ့ အမျက်တော်မရှတတ်ပါဘူး။ အရင်လိုပဲ ပြောပါ။"

"မှန်လှပါ မိဖုရားကြီး"

"ဒေါ်ကြီးနော်....အဲ့လိုကြီး မပြောပါနဲ့ဆို"

နှုတ်ခမ်းစူပြီး မျက်လုံးကို စောင်းကြည့်လိုက်တော့မှ ဒေါ်ကြီးက ရယ်လိုက်ကာ

RestartWhere stories live. Discover now