‌ဒီနေ့ Love You 59 Secondsက ရှောင်ဝူအကောင့်နဲ့ ကစားနေသည်ကို ပင်း*ရွှယ်လုံးဝမသိဘူးဆိုတာ ရုတ်တရက်သူ‌တွေးမိသည်။

သူငယ်ချင်းစာရင်းမှ လင်းလတ်နေတာ‌တွေ့ သော် သူ့dialogue chat boxကို နှိပ်ကြည့်လိုက်စဉ် ပင်း*ရွှယ်မတ်ဆေ့ခ်ျများနှင့်ပြည့်နှပ်နေတာ မြင်လိုက်ရသည်။

ဝူဂန်ယင်းနှင့် Love You 59 Secondsတို့သည် သီးသန့်မတ်ဆေ့ခ်ျသာ အသုံးပြုသောကြောင့် အခြား chat box‌တွေကို သိပ်မသုံးကြပေ ... အဓိကအကြောင်းရင်းသည် notiအသံတွေကို လုံးဝဂရုမစိုက်တာဖြစ်သည်။ ထို့ကြောင့် အချို့မတ်ဆေ့ခ်ျတွေက ကျော်သွားကာ ပျောက်တတ်သည်။

ထို့နောက်လည်း dialogue chatက သူ၏ဂိမ်းမျက်နှာ ပြင်ကိုပိတ်ထားဟန်ရှိသည်။

မတ်ဆေ့ခ်ျတွေအားလုံးက ဆယ်နာရီအချိန်ပို့ထားတာဖြစ်၍ ထိုအချိန်သည် သူတို့ဗီလိန်တွေကို အတူတကွအမဲလိုက်နေသည့်အချိန်။ အဲ့အချိန်တုန်းက အားလုံးသည် သူ၏ညံ့ဖျင်းသောဦးဆောင်မှုကြောင့် ဖရိုဖရဲဖြစ်နေကာ သူလည်းဘာမှအာရုံမရောက်ပေ။

ပင်း*ရွှယ် ပို့ထားသည်မှာ စုစုပေါင်းမတ်ဆေ့ခ်ျဆယ်စောင်ရှိပြီး ပထမတစ်ခုသည် ဝူဒေါင်ဂိုဏ်း၌ဗီလိန်ပေါ်လာသဖြင့် ရှစ်ဖူက သူမကို‌ခေါ်သွားစေချင်ကြောင်း ၊ ထို့နောက် တစ်စုံတစ်ယောက်သည် အစိမ်းရောင်ဘန်းဘန်းထျန်ကိုကိုင်ထား၍ အလွန်ချစ်စရာကောင်းကြောင်း ၊ သူမလည်းအစိမ်းရောင်ကိုနှစ်သက်ကာ Love You 59 Secondsကို ဘယ်အရောင်နှစ်သက်လဲ‌မေးထားသည်။ အကုန်လုံးက ဘလာ ၊ဘလာ ၊ ဘလာတွေချည်းပဲ ...စာကြောင်းနောက်ပိုင်းမှာလည်း ငို‌ယိုနေသောကြက်ပေါက်စလေးတွေနဲ့ စိတ်ထိခိုက်သည့်ပုံသဏ္ဍာန်တွေနှင့်ပင်။ နောက်ဆုံး၌ သူမက သူသည် သူမကိုလသ်လျုရှုထားတယ်လို့ ပြောခဲ့သည်။

ဒီနေ့ ထူးဆန်းနေတယ်လို့ ဝူဟန်ယင်းထင်မိတယ် ... ငိုယိုနေသောကြက်ပေါက်စအမူအရာတွေကို ကြည့်ရတာ သူ အနှောင့်အယှက်ဖြစ်မည့်အစား ဝမ်းသာကာ ကျေနပ်နေတယ် =口=

{Guild}[ပင်း*ရွှယ်]: ရှစ်ဖူ ...အခုပေါင့်ကျုကိုဘန်းဘန်းထျန်ကူညီပေးတယ်

{Guild}[ပင်း*ရွှယ်]: သေချာပေါက်ကျွန်မ အရင်လုပ်ချင်တာလေ

Guild channel ကိုဝူဟန်ယင်းခဏမျှ ကြည့်လိုက်ပြီး သူမကိုပြန်ဖြေဖို့ မရည်ရွယ်ထားပေ။ အချို့အဖွဲ့သားအနည်းငယ်နှင့်အတူ ပင်း*ရွှယ်တို့စတင် မကျေနပ်ပြောဆိုနေကြတယ်။ ထိုလူတွေကို သူမသိသလိုစကားလည်းမပြောချင်ပေ။ သူတို့သည် ပေါင့်ကျုကဘယ်လိုဖြစ်တယ် ဘယ်လိုလုပ်တယ် ဆိုတဲ့အကြောင်းတွေပင်။

Love you 59 seconds (Myanmar translation)Where stories live. Discover now