" ဟင့်အင်း အခုမဟုတ်သေးဘူး taeဆီသွားမှဖြစ်မယ် အခုမဟုတ်သေးဘူး "

အားယူပြီးကြိုးစားနေပေမယ့်လည်း အချည်းနှီးသာ ။

ထို့နောက်တွင်တော့လုံးဝမလှုပ်နိုင်တော့သည့်အပြင် ကျွန်တော်အိပ်ပျော်သွားခဲ့သည်ထင်ပါရဲ့။

အိမ်မက်ထဲတွင်တောင် taeရဲ့ကျောခိုင်းသွားတဲ့ပုံစံကြောင့်နာကျင်နေရတုန်း ။

Jiminကြောင့်နာကျင်ခဲ့ရတယ်ဆိုတာမှန်တယ် ဒါပေမာ့် တစ်ဖက်သက်အချစ်ဖြစ်ခဲ့တာမို့ အခုခံစားချက်နဲ့ လုံးဝကိုမတူဘူး။

Taeနဲ့ကြတော့ မှ ကျွန်တော်ပိုင်ဆိုင်ထားရသမျှအကုန်လုံးကိုဆုံးရှုံးရတော့မည်ဆိုသည့်ခံစားချက် ၊ ကျွန်တော့်အတွက် အရာရာဖြစ်ပေးခဲ့တဲ့ လူတစ်ယောက်ဟာ ထပ်ပြီးမရှိပေးနိုင်တော့ဘူးဆိုသည့်ခံစားချက်ဟာ ကျွန်တော့်အားပို၍ပင် အားနည်းစေသလို မွန်းကျပ်စေသည် ။

မုန်းလိုက်တာ ... ကိုယ့်ကိုယ်ကို။

ဘာလို့ ရက်စက်မိခဲ့ရတာလဲ ... ။

ကျွန်တော်တကယ်တခြားဘာမှထပ်ပြီး မမျှော်လင့်တော့တာမို့ ကျေးဇူးပြုပြီးကျွန်တော့်ဆီသာပြန်လာခဲ့ပေးပါ tae ။

Taeကျေနပ်တဲ့အထိ တောင်းပန်ရင်း အသက်ဆက်သွားမှာမို့ ထားမသွားပါနဲ့ ။

______________________________

ဝေဝေဝါးဝါးပုံရိပ်များကြားမှ မြင်လိုက်ရသည့်လူသားကြောင့် မျက်လုံးပင်ချက်ချင်းပြူးသွားမိသည်။

" Tae ... အာ့ "

ထထိုင်ရန်ပြင်မိတော့ စိတ်နောက်ကိုယ်မပါသည့်အတွက် တော်တော်နာသွားရသည်။

လက်၌လည်း ဆေးသွင်းထားသည်ကြောင့်စူးအောင့်၍နေသည်။

သို့ပေမယ် ထိုအရာတွေထက် ဖြစ်ခဲ့သမျှအား ပြန်လိုက်မှီနိုင်အောင်ကြိုးစားပြီး tae အားကြည့်၍။

" Tae ... Tae ပြန်လာတယ်နော် "

ကျွန်တော့်အားမျက်နှာသေဖြင့်ကြည့်နေသည့် tae အားဝမ်းသာစွာမေးမိတော့။

" အင်း "

" ကျွန်တော်ထိုင်ချင်တယ် "

ထို့နောက်ကျွန်တော့်အားထူပေး၍ သက်သောင့်သက်သာဖြစ်အောင်လုပ်ပေးသည့် tae။

Pain Of LOVEWhere stories live. Discover now