Episode_26 [final]

7K 277 108
                                    

[UNICODE]

It's kinda ... sad ending

__________

ကျွန်တော့်ရဲ့ဘဝကမျက်လှည့်တစ်ခုလိုပဲ။

အင်း ... မဟုတ်သေးဘူး ။ ဟာသတစ်ခုဆိုပိုမှန်မလား။

အခုနေဆို ကံကြမာ° ကဘယ်လောက်တောင်လှောင်ပြောနေလိုက်မလဲ ။

ကျွန်တော့်ရဲ့ ခံစားချက်တွေကို ကစားပြီးမှ ပျော်နေရဲ့လား ။

ဒီလို ကံဆိုးမယ့်ဘဝမျိုးကိုမှ ပိုင်ဆိုင်ခွင့်ပေးတာဆိုရင်တော့ ကျွန်တော့်ကို အစတည်းက ‌မမွေးလာအောင် တားခဲ့ရောပေါ့ ။

ငယ်ငယ်တည်းက မေတ္တာငတ်ခဲ့ရတဲ့ကျွန်တော်ဟာ အမှတ်မထင်ပါပဲ သူစိမ်းမိသားစုတွေကို အားကျခဲ့မိတယ် ။

အရွယ်ရောက်ပြန်တော့လည်း ကိုယ်ရွေးချယ်ချင်တဲ့ ဘဝလက်တွဲဖော်က ကျွန်တော့်ထက်ကံကောင်းတဲ့ တခြားတစ်ယောက်လက်ထဲမှာမို့ ထပ်ပြီး အားကျရပြန်သည်။

ချစ်ခြင်းမေတ္တာ ဟာ နာကျင်မှုသက်သက်သာဆိုရင် အစတည်းက ချစ်တတ်တဲ့ နှလုံးသားမရှိခဲ့ရမှာ ။

ဒါဆိုရင် အထီးကျန်တာခြင်းအတူတူ အနည်းငယ်တော့ ခံပြင်းဦးမည်ထင်ပါရဲ့။

အရာအားလုံးရဲ့ အစကိုပြန်သွားကြည့်ကြမလား။

‌လူရယ်လို့စသိလာတဲ့ အချိန်တည်းက ဆက်ဆံရေး မကောင်းသည့် မိဘနှစ်‌ပါးကြောင့် ကြားထဲမှ မြေစာပင်ဖြစ်ခဲ့ရသည့် ကျွန်တော် ။

သူတို့အချင်းချင်း အဆင်မပြေတာကြောင့် မွေးလာပြီးသူတို့ကလေးဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အမြဲလိုလို ပြဿနာအားလုံး၏တရားခံဖြစ်သလို ။

ရန်ဖြစ်စကားများပြီးကြရင်တော့ ဂရုစိုက်သင့်သလောက်ဂရုစိုက်ကြပေမယ့် ကျွန်တော်မြင်ဖူးသည့် မိသားစုတွေ၌ အအေးစက်ဆုံးဆက်ဆံရေးပင်။

တစ်ရက် သူတိူ့ စကားများရင်းကနေမှ ကျွန်တော့်အား ပင်လယ်တစ်ခု၏ ကမ်းစပ် ၌ စွန့်ပစ် ခဲ့ဖူးကြသည်လေ ။

Pain Of LOVEWhere stories live. Discover now