[UNICODE]
Some hearts
understand
each other
in silence_______________________
"Taehyung မပြီးသေးဘူးလား အိမ်ရှေ့မှာ မင်း ချာတိတ် ရောက်နေပြီ! "
အိမ်အောက်မှာ အသံအိုးမကွဲရုံတစ်မယ် လှမ်းအော်နေသော jin hyung။
"Hyung ဘယ်လိုဖြစ်နေလဲဗျ ကျွန်တော့်ချာတိတ် မဟုတ်ပါဘူး ''
" မင်းကိုနေ့တိုင်းလာကြိုလာပို့လုပ်နေတာ မင်းချာတိတ် မဟုတ်လို့ ဘာလဲကွ ''
"ကျွန်တော် လာခေါ်ခိုင်းတာမှ မဟုတ်တာ သူ့ဘာသူ လာလာနေတာကို... အဲ့တာကြောင့်ကျွန်တော်ပြောတယ်မလား hyung ကို ကျွန်တော်မရှိဘူးလို့ပြောလိုက်ပါဆိုတာကို ''
အမြင်ကပ်ကပ်ဖြင့် jin hyung အားမျက်စောင်းသာ လှိမ့်ထိုးပေးလိုက်သည်။
" ငါ့ပဲမျက်စောင်းလှိမ့်ထိုးနေလို့ မင်းချာတိတ် ပြန်မသွားဘူး ဟေ့ကောင် သွားမှာရှိမြန်မြန်သွား ''
ချာတိတ်ရှိသော အပြင်ဘက်ကိုမေးငေါ့ပြရင်း ခပ်နောက်နောက် ပြောလာတဲ့ jin hyung အား စိတ်ထဲတွင်တော့ မေတ္တာ ပို့၍သာ။
ကျွန်တော့်ရဲ့ ခြေလှမ်းများကတော့ ချာတိတ်ရှိရာသို့။
ချာတိတ်ကသူ့ကားကိုမှီပြီး ကျွန်တော့်ကို လှမ်းကြည့်ပြီးလက်ယက်ခေါ်နေလေရဲ့။
" Hyung လာပြီလား ''
"အင်း....လာ....မကြိုဖို့....ပြောထားတဲ့ဟာကို ''
အသံကတိမ်ဝင်သွားသည်ကို သူသတိထားမိမှာပါ။
" မရပါဘူး ဒီက hyung ကိုမကြိုပဲမနေနိုင်လို့ကို လာကြိုတာ ''
ကျွန်တော့် မေးစေ့အားအသာတို့၍ ပြောနေသော ချာတိတ်အားလျစ်လျူရှုပြီး။
" မင်းသဘောပဲ ''
သူနဲ့တွေ့တိုင်း အခုန်မြန်လာတဲ့ ရင်ဘက်ထဲက နှလုံးသားကိုဘယ်လိုထိန်းချုပ်ရပါ့မလဲ။
ဟူး...စိတ်လျှော့ စိတ်လျှော့။
" hyung ~ ''
" ပြော "
ကားမောင်းရင်းမေးလာသည့် ချာတိတ်အား ။
" ကျွန်တော် အကြိုအပို့လုပ်ပေးတာကို သဘောမကျဘူးလား "
YOU ARE READING
Pain Of LOVE
FanfictionBoth ZAWGYI & UNICODE are available |Taekook| |Yoonmin| my very first creation ♡