Episode _ 7

5.3K 500 54
                                    

[UNICODE]

truth is
everyone knows how to love

trouble is,
not everyone knows how to stop"

________________

စိတ်က မကြည်တော့တာနဲ့ အတန်းလည်းမတက်ချင်တော့။

ခြေဦးတည့်ရာသာသွားနေမိသည်။ hoseok တောင်ဘယ်နားကျန်ခဲ့မှန်းမသိ။ ရင်ထဲမှာလည်းမွန်းကျပ်နေသလို။

နည်းနည်းအေးအေးချမ်းချမ်း ရှိလောက်မည့်နေရာသာ သွားချင်မိသည်။ ထိုအချိန် ခပ်လှမ်းလှမ်းမှ

" ချာတိတ်!! "

ကျွန်တော့်ကိုများခေါ်သလားလို့လှည့်ကြည့်တော့။ ဖြူစင်စွာ အလှဆုံးပြုံးပြီး ကျွန်တော့်ဆီပြေးလာတဲ့ hyung။

သတိလက်လွတ်ငေးမိပါသည်။ ချောရက်တယ် hyung ရယ်။

"ချာတိတ်!!''

" ဟင်... ''

" ငါခေါ်နေတာကို ...ဒီမှာဘာလုပ်နေတာလဲ... jimin တို့ရော ''

" သူတို့မပါဘူး ကျွန်တော်တစ်ယောက်တည်း ''

" အော်... ''

Hyung ရဲ့မျက်နှာချောချောလေးကိုသာ သေချာစိုက်ကြည့်နေမိပါသည်။ ထိုသည်ကို hyung က သတိထားမိသည်ထင်ပါရဲ့ပါးလေးတွေတောင်ခပ်‌ ရေးရေးလေးရဲလာသလိုပင်။

" ချစ်ဖို့ကောင်းတယ် ''

" ဟင်... ''

ပါးစပ်ကလွှတ်ခနဲ ထွက်သွားမိပြန်သည်။ hyung တော့စိတ်ဆိုးတော့မှာပဲ။

"ကျွန်တော် စိတ်သိပ်မကြည်လို့ လေကောင်းလေသန့်ရမယ့် နေရာကောင်းကောင်းသိလား hyung ''

"သိတယ် သွားမလား ''

"အင်း ''

" ကားငှားသွားမလား ချာတိတ် နည်းနည်းတော့လှမ်းသေးတယ် ဒီနဲ့ဆိုရင် ''

" လမ်းလျှောက်သွားမယ် ''

" အင်း အင်း ပြီးတာပဲ ''

သူကလည်း ဘာလို့လဲလို့ထပ်မမေးသလို။ ကျွန်တော်လည်းဘာမှထပ်မပြောချင်တော့။

စောနကထက်စာရင် ကျွန်တော့်စိတ်တွေပိုပြီးရှုတ်ထွေးနေသလို။

ညနေစောင်းအချိန်လေး လူအသွားအလာသိပ်မရှိသော လမ်းမကြီးထက် ကျွန်တော်တို့နှစ်ယောက် ဖြည်းဖြည်းချင်းလျှောက်လှမ်းနေသည်။ သူခေါ်ဆောင်ရာဆီကိုပေါ့။

Pain Of LOVEWhere stories live. Discover now