Episode _ 21

3.6K 322 63
                                    

[UNICODE]

it hurts being the one
who loves more
_____________

ကောင်လေးကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် နာကျင်မှုတွေကို လျစ်လျူရှုနိုင်ပါတယ် အဲ့ဒီနာကျင်မှုတွေဟာ ဘယ်လောက်ပဲဖြစ်ဖြစ်ပေါ့ ... ။

အချိန်နာရီတွေဟာ ကုန်ဆုံးတာမြန်လွန်းလှသည်။

ကောင်လေးဟာ အနည်းငယ်တည်ငြိမ်အေးစက်နေပေမယ့်လို့ ကျွန်တော့်ကိုတော့ tae လို့ခေါ်နေပြီး ကျွန်တော့်အားဂရုစိုက်နေတုန်းပါ။

အန်ကယ်ဟာ ကျွန်တော်တို့အားပြန်မလာစေချင်ပေမယ့် ကျွန်တော်ကတော့ ထိုကောင်လေးအား အားလုံးအရှေ့မှာသူကကျွန်တော့်အပိုင်ဖြစ်ကြောင်းသက်သေပြချင်သည့် အတွက် ယခုလိုစီစဉ်လိုက်ရခြင်း။

အခုမဟုတ်သေးရင်တောင် အမှန်တရားဟာ တစ်ချိန်ချိန်တော့ပေါ်လာမည်ပဲလေ။ ထိုအချိန်ရောက်လျှင် သူ့အားသိစေချင်တာက သူဟာလည်းလူလွတ်မဟုတ်တော့သလို သူချစ်နေသည့်ကောင်လေးဟာလည်း ပိုင်ရှင်ရှိကြောင်း သတိပေးချင်သည်။

ကျွန်တော်ကတော့ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် ပျော့ညံ့တဲ့ kim taehyung မဟုတ်သည့်အတွက် လုံးဝနောက်ဆုတ်မည်မဟုတ်ကြောင်းအားသူသိလာစေရမည်။

" tae "

ကောင်လေးအသံကြောင့်မျက်ရည်များသုတ်လိုက်၍ လှည့်ကြည့်မိသည်။

" ဟင် "

" သောက်နေပြန်ပြီလား "

ကျွန်တော့်လက်ထဲမှဘီယာဘူးအား မေးငေါ့ပြ၍မေးလာခြင်း။

" အင်း ... နည်းနည်းပါ "

" တော်ပြီ မသောက်နဲ့တော့ "

" koo သဘော "

ကျွန်တော်လည်းဆက်မသောက်တော့ပဲ ကောင်လေးကိုသာကြည့်နေမိသည်။

" ကျွန်တော်မေးစရာရှိတယ် "

" အင်း မေး "

" လက်ထပ်ရင် tae ပျော်မှာလား "

" သေချာတာပေါ့ koo ရဲ့ "

" ကျွန်တော်ရောပျော်မယ်ထင်လား "

ကျွန်တော့်အားမကြည့်ပဲပြောလာသည့် ကောင်လေးဟာ ... ဘာကိုဆိုလိုချင်နေသည်လဲ။

Pain Of LOVEHikayelerin yaşadığı yer. Şimdi keşfedin