Episode _ 22

4.1K 380 73
                                    

[UNICODE]

He left me like I did
________________

ဒီနေ့ဟာ ကျွန်တော့်ရဲ့မွေးနေ့ပင်။

ပုံမှန်အတိုင်းဆို ကျွန်တော့်မွေးနေ့တိုင်း ကျွန်တော့် မိဘ‌‌များအပါအဝင် ကျွန်တော် ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ party အသေးလေးလုပ်ဖြစ်ကြသည်။

သို့ပေမယ့် အခုကြတော့ သူငယ်ချင်းတွေကလည်းတကွဲတပြားဖြစ်ကုန်ကြပြီဆိုတော့လည်း။

တခြားအရာတွေထက် hyung ဆီမှတစ်ခုခုရဖို့မျှော်လင့်မိသည်။

သူကမှတ်ရောမှတ်မိပါ့မလား ကျွန်တော့်မွေးနေ့ကို ။

အိပ်ယာနိုးထဲက hyung ကလည်း ထူးထူးခြားခြားပြောလာခြင်းမျိုးမရှိသောကြောင့် ထိုအတိုင်းကြီး ငိုင်နေမိသည်။

ခဏအကြာတွင်တော့ mommyဆီမှဖုန်းဝင်လာခဲ့ပြီး ကျွန်တော့်မွေးနေ့အားဂုဏ်ပြုပေးသည်။

ဒီနှစ်တော့ mommyသိပ်နေမကောင်းသောကြောင့် ဘာမှမလုပ်ပေးနိုင်သည့်အတွက်ရောတောင်းပန်သည်တဲ့လေ ။

ကျွန်တော်လိုချင်တာရှိရင်တော့ပြောပါတဲ့ ။

ကျွန်တော့်စိတ်ထဲတွင်တော့ဘာမှမဖြစ်ပေမယ့် mommyက စိတ်မကောင်းဖြစ်နေပုံရသောကြောင့် ပြန်နှစ်သိမ့်ပေးလိုက်ရသေးသည်။

Hyung ကတော့ သူ့အလုပ်တွေနဲ့သာ ရှုပ်နေလေရဲ့။

အင်း ကျွန်တော့်ရဲ့ hyung ဟာ သူ့အိပ်မက်အတိုင်း music producer တစ်ယောက်ဖြစ်အောင်လုပ်ခဲ့သည်။

အရမ်းကြီး ကြီးကြီးမားမားမျိုးမဟုတ်ပဲ ကိုယ်လက်လှမ်းမီသလောက်အတိုင်းအတာလောက်အထိပါပဲ။

ကျွန်တော့်အမြင်မှာတော့ hyung ကအတော်ဆုံးပါ။

တခါတလေ သူ့ သီချင်းများအားကျွန်တော့်ကိုပေးနားထောင်တက်သေးသည်လေ။

နေ့လည်ရောက်သည်အထိ ဘာမှထူးထူးခြားခြားဖြစ်လာတာမျိုးမရှိသောကြောင့် လူကစိတ်သိပ်မကြည်ချင်တော့။

တွေးနေတုန်းမှာပင် ဝင်လာသောဖုန်းကြောင့် ။

" ပြော hoseok "

Pain Of LOVEWhere stories live. Discover now