Episode _ 25

3K 238 36
                                    

[UNICODE]

I see no future without you

" Tae ... Tae ? "

မျက်စိရှေ့ရှိလူသားဟာ ကျွန်တော် အနှစ်နှစ် အလလ လွမ်းဆွတ်နေခဲ့ရသည့် လူသားမှဟုတ်ပါလေစ။

သူကမ်းပေးနေသည့်လက်အား တုန်တုန်ယင်ယင်ဖြင့် ဆုပ်ကိုင်မိပြီး မျက်ရည်များဟာလည်း တားဆီးမရ ။

တစ်ခဏတာမျှသာ ဆုပ်ကိုင်လိုက်ရသောလက်လေးအား နှမြောစွာကြည့်ရင်း။

မယုံနိုင်သေးဘူး ။

ထင်ယောင်ထင်မှားဖြစ်နေတာလား ... ။

အိပ်မက်များလား ။

" ထိုင်ပါခင်ဗျ "

ကျွန်တော့်ရဲ့ tae က ဘယ်လိုဖြစ်ပြီး ။

မျက်စိရှေ့ရှိလူသားအား ဆွေးမြေ့စွာမျက်တောင်မခတ်တမ်းကြည့်နေမိသည်။

မွန်းကြပ်နေသောရင်ဘက်နှင့် ခုန်ပေါက်နေသောနှလုံးသားတစ်စုံဟာလျစ်လျူရှုပင်မရ ။

သူကတော့ ကျွန်တော့်အား အေးစက်သောကြည့်များဖြင့်သာ ။

Tae ပြောဟာသူပြောခဲ့တဲ့အတိုင်း ကျွန်တော့်အား သူစိမ်းတစ်ယောက်ထက်မပိုသောအကြည့်များဖြင့် ။

" အခုလိုလာတွေ့ပေးလို့ကျေးဇူးပါ ကျွန်တော်တို့ entertainment အနေနဲ့ကလည်း ဒီလိုအရည်အချင်းရှိတဲ့လူတစ်ယောက်ကိုမဆုံးရှုံးချင်တာကြောင့် အလျင်အမြန်ဆုံးဖြတ်လိုက်ရခြင်းပါ "

ကျွန်တော်လည်း လွင့်ထွက်နေသောစိတ်များအားအတက်နိုင်ဆုံး စုစည်းရန်ကြိုးစားနေရသည်။

" ဒါက စာချုပ်ပါ ကျွန်တော်တိူ့ဘက်က စာချုပ်ထဲကအတိုင်းအပြည့်အဝလိုက်နာပါ့မယ်လို့ 100% အာမခံပါတယ် "

ကျွန်တော်စိတ်တွေအရမ်းရှုတ်ထွေးလွန်းနေခဲ့သောကြောင့် သူပြောနေသည့် အလုပ်ကိစ္စများဟာပင်နားထဲဝင်တစ်ချက်မဝင်တစ်ချက် ။

Pain Of LOVEDonde viven las historias. Descúbrelo ahora