Episode _ 20

4.2K 338 59
                                    

[UNICODE]

I deserve someone who
sees me as too important to lose

______________________

မည်မျှပင် မိုက်မဲမိသည့်ဆိုပေမယ့်လည်း ကျွန်တော်ဟာ တစ်စုံတစ်ဦးနဲ့တော့ ထိုက်တန်သေးသည်မဟုတ်ပါလား။

ကျွန်တော်လည်း ကျွန်တော့်လိုမျိုး အရာရာကိုစွန့်လွှတ်ပြီး ကျွန်တော့်တစ်ယောက်ထဲရဲ့ မျက်နှာကိုပဲကြည့်ပြီး ကျွန်တော့်ထက်မပိုရင်တောင် မလျော့သောချစ်ခြင်းတွေနဲ့ချစ်ပေးမယ့် လူတစ်ယောက်နဲ့ထိုက်တန်သေးသည်မဟုတ်ပါလား။

ထိုလူက Jeon Jungkook ဆိုတဲ့ကောင်လေးဖြစ်ရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

ထပ်ပြီးလောဘတက်မိပြန်ပြီလား Kim Taehyung ။

အရှေ့အရပ်မှထွက်သည့် နေသည် အနောက်အရပ်သို့ပြန်ဝင်စမြဲ။

အချိန်နာရီတွေဟာလည်း မြန်လွန်းသည်ဟုတောင်ထင်ရသည်။

တစ်စက္ကန့်ပြီး တစ်စက္ကန့် ၊ တစ်နာရီပြီးတစ်နာရီ ၊ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ဖြင့် အချိန်တွေဟာလည်းတဖြည်းဖြည်းကုန်ဆုံး၍လာခဲ့ပြီ။

ချစ်ရလွန်း မြတ်နိုးရလွန်းပါသော ကောင်လေးနှင့်အတူ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကိုဖြတ်ကျော်ခဲ့ပြီးပြီ။ မမေ့နိုင်သော အမှတ်တရတွေကို တူတူ ဖန်တီးခဲ့ပြီးပြီ။

သို့ပေမယ့် ထိုကောင်လေးနောက်ကွယ်တွင်တော့ ကျွန်တော်ဟာ အမြဲပူလောင်နေရပါတယ်။ အတွေးတစ်ချို့ဟာ ရုန်းမထွက်အောင် နှိပ်ဆက်နေဆဲ။

ဒီကောင်လေးဟာ ကျွန်တော့်ရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးပါ။ သူကသာကျွန်တော့်ရဲ့ ဘဝတစ်ခုလိုဖြစ်နေပြီ။ ထပ်ပြီးတော့ မဆုံးရှုံးပါရစေနဲ့.။

သူကဘယ်လောက်ပဲ ကျွန်တော့်ကိုချစ်တယ်လို့ပြောပြော သူ့မှတ်ဉာဏ်ပြန်ရလာမည့် အချိန်ကျရင်...အတွေးနဲ့တင် ကျွန်တော် အလွန်ပင်တုန်လှုပ်မိပါသည်။

ဟင့်အင်း... သူကျွန်တော့်ကိုကတိတွေပေးထားတာပဲ။ သူကျွန်တော့်ကို ချစ်တယ်ဆိုပြီး ဝန်ခံထားပြီးပြီပဲ။ သူနဲ့တူတူဆို ပျော်ရွှင်နေရပြီပဲ။

Pain Of LOVEWhere stories live. Discover now