Bellသံကအဆက်မပြတ်မြည်လာလဲ လေးလံသော ခြေထောက်များနှင့်သာ တံခါးရှေ့သို့သွားပြီး ဖွင့်လိုက်တော့ မိမိကိုငိုအောင်လုပ်သော တရားခံ။

တံခါးကို အတင်းပြန်ပိတ်သော်လဲ စိုင်းဖြစ်သူက လက်ခံလိုက်တာမို့ စိုင်းလက်နာသွားသည်။
"အာ့..."

"ဘာလို့လက်လက်ခံလိုက်တာလဲ။ ပြ..." စိုင်းလက်လေးအား လှမ်းယူပြီး အသာအယာပွတ်ပေးနေတော့ နာတောင်တစ်ဝက်တောင် ပျောက်သွားတယ်။

"တော်တော်နာသွားတာ။"
"လာခဲ့...ဆေးထည့်ပေးမယ်။" အခန်းထဲ ခေါ်သွားပြီး ကုတင်ပေါ်တွင်ထိုင်ခိုင်းပြီး ဆေးဘူးအပြေးအလွှားရှာနေတာလေးမြင်တော့ စိုင်းစိတ်ညစ်တာတောင် ပျောက်ချင်သွားသည်။

ဆေးကိုလဲ လေလေးနဲမှုတ်ပြီး အသာအယာလိမ်းပေးနေသေးတယ်။ ပတ်တီးလေးကိုလှမ်းယူတော့
"နေပါစေတော့။"

"ဘာကိုနေပါစေလဲ။ အဲ့လောက်ရဲပြီး သွေးစတွေတောင်ထွက်နေတာကို ဖယ်..."
ပြောမရလို့ စိုင်းလဲ အသာလေးလွှတ်ထားမိသည်။

အားလုံးလဲပြီးသွားတော့ ရတုက
"ပြန်တော့။"

"ချက်ချင်းကြီး။"
"ဟုတ်တယ်။ ပြန်တော့ ဆေးလဲ ထည့်ပြီးပြီပဲ။"

"ကိုကို ပြောစရာရှိလို့ပါ။"
"ဘာမှမကြားချင်ဘူး။"
တစ်ဖက်သို့ လှည့်ထိုင်လိုက်သော ရတုကြောင့် စိုင်းလဲ ရတုရှေ့ကို သွားပြီး ဒူးထောက်ထိုင်လိုက်တယ်။

"ဘာလုပ်တာလဲ ထလိုက်။ ပြန်တော့။"
ရတုပြောတာကိုလဲ ဂရုမစိုက်ဘဲ ရတုလက်လေးနှစ်ဖက်ကိုအသာအယာကိုင်လိုက်ပြီး သူ့မျက်နှာနဲ့ အပ်လိုက်သည်။

ခုကစိုင်းရဲ့ ဝင်လေထွက်လေကို ရတုကအတိုင်းသား ခံစားနေရသည်။ နှစ်ယောက်လုံး ခုချိန် ဘာစကားမှမပြောဖြစ်ကြ။ ခဏနေတော့ ရတုပေါင်ပေါ်သို့ စိုင်းက နဖူးလေးအပ်ပြီး မှောင်လောက်တော့

"ခင်ဗျား..ထတော့။ ခုလိုတွေ မနေသင့်ဘူးနော်။"
"ခဏလေးပါ...."
နှစ်ယောက်လုံးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်များသီလို့။

စိုင်းကခေါင်လေးထောင်လာပြီး
"ကိုကိုပြောတာ ခဏလေးနားထောင် ပြီးရင်ရတုသဘော။"

Can't Lie (Unicode & Zawgyi)Where stories live. Discover now