P-21

1K 66 4
                                    

Zaw

တစ်ဖတ်သတ်အချစ်က ပူလောင်တယ်။ ကိုချစ်နေတဲ့သူက ကို့ကိုပြန်မချစ်ဘူး။ ဒါတင်မကသေး ကိုချစ်နေတဲ့သူက ကိုမဟုတ်တဲ့ တခြားသူကို စွဲလမ်းပြီးချစ်နေတာ။ ရင်နှင့်စရာတော့ကောင်းသား။

"ခုတော့ ကျွန်တော် လူတစ်ယောက်ကို ချစ်မိနေပြီ။ သူကတော့ ကျွန်တော့်ကို ချစ်ပုံမပေါ်ဘူး။ သိမယ်လို့လဲမထင်ဘူး။

သေချာတာ တစ်ခုကတော့ သူ့ရဲ့နှလုံးသားထဲမှာ ကျွန်တော် မဟုတ်တဲ့ အခြားတစ်ယောက်က နေရာအပြည့်ယူနေတာပဲ။ ဘဝကြီးကလဲနော် ခတ်လိုက်တာ"

နောက်ဆုံးစကားလေးပြောရင်း သတ်ပြင်းကိုချလိုက်သည်။

"မင်းခံစားနေရတာကို ကိုနားလည်ပါတယ်။ ကိုလဲ အဲ့လို ခံစားဖူးတယ်လေ။ ပြီးတော့ မင်းကို ကို တစ်ခုလောက်ပြောချင်တယ်။ ကိုမေ့လို့မရသေးဘူး။ အတတ်နိုင်ဆုံး ကိုမေ့ဖို့ကြိုးစားနေတယ်။ အချိန်အတိုင်းအတာ တစ်ခုတော့ ကိုယူရဦးမယ်။

အဲ့တာကို မင်းနားလည်မယ်လို့ ကိုထင်တယ်။ မဟုတ်ဘူး....နားလည်ပေးပါ။"

"ရပါတယ်ဗျာ....ဘာပဲဖြစ်ဖြစ် ကျွန်တော် နားလည်ပေးပြီးသား။ ကိုကို စိတ်ထဲဘာမှ မထားနဲ့နော်။
သြော်....ကိုကို့အတွက်လက်ဆောင်ရှိတယ်။"

ခုံအောက်ထဲက အသင့်ရှိပြီးသား သေတ္တာလေးတစ်လုံးကိုလှမ်းယူပြီး နှိုင်းလက်ထဲ ထည့်လိုက်သည်။

"ဖွင့်ကြည့်...ကိုကိုကြိုက်မယ်လို့ ထင်တယ် ဟီးးးး"
သွားလေးများပေါ်သည်ထိ ပြုံးပြနေသော ထယ်ယောင်းသည် အပြစ်ကင်းစင်သော ကလေးလေးတစ်ယောက် ပမာ။

သေတ္တာလေးကို ဖွင့်ကြည့်တော့ အထဲမှာ design နဲ့ပတ်သတ်တဲ့စာအုပ်တွေ အများကြီး။

"ဒါ ကို့အတွက်လား ကို လဲလိုအပ်နေတာ ကျေးဇူးပဲနော် ကို လိုအပ်တာတွေ မင်းကအမြဲ​ဖြည့်ဆည်းပေးတယ်"

"ဒါနဲ့ ကိုကို့ကို တစ်ခုတောင်းဆိုစရာရှိတယ်။ ကျွန်တော် ဒါတွေပေးလို့ ကိုကို့ဆီက အခွင့်အရေးယူတာမဟုတ်ဖူးနော်။"

"ဟုတ်ပါပြီ.. ပြော ဘာတောင်းဆိုမှာလဲ။"

"ဟီးးးးဟို...ဟိုလေ ကျွန်တော့်ကို နောက်ဆို 'မင်း'ဆိုပြီး မပြောပါနဲ့တော့လားနော်။ 'ငယ်'လို့ခေါ်ပေးပါလား။ ဟို..ဟိုလေ ကိုကိုမခေါ်ချင်လဲ ရပါတယ်။ "

Can't Lie (Unicode & Zawgyi)Onde histórias criam vida. Descubra agora