Zaw
ချစ်တယ် အရမ်းချစ်တာပေါ့ ကျွန်တော် ညီ့ကိုအရမ်းချစ်တယ်။ အဲ့တာကြောင့်လဲ ကျွန်တော်သူနဲ့ နီးစပ်ခွင့်ရအောင် အရာရာကိုရဲရဲရင့်ရင့် ဖြတ်ကျော်မှာ။
ဘာအတားအဆီးတွေဖြစ်နေပါစေ၊ ကျွန်တော်ကျော်ဖြတ်မယ်။ ညီ့ကိုတော့ မစွန့်လွှတ်နိုင်ဘူး။
ရတုရဲ့ ခတ်နောက်နောက်စကားကြောင့် မျက်နှာငယ်သွားသောစိုင်အား ရတုလဲ ဆက်မနောက်တော့ဘဲ
"ဟွန့် သူကျတော့ လူကိုအမြဲအံသြအောင်လုပ်တယ်။
သူ့ကိုလုပ်တော့မကြိုက်ဘူး။"ရတုစကားကြောင့် စိုင်းပြာပြာသလဲ အမြန်ပြန်ဖြေရတော့သည်။
"မ...မဟုတ်ပါဘူး။ ညီတကယ်ပြောနေတာထင်လို့၊ ကိုကိုစိတ်မကောင်းသွားတာ။ ညီနောက်တယ်မှန်းမသိလို့တကယ်ပါ။""ပြီးရောလေ။ ဒူးထောက်ထားတာလဲ ညောင်းနေလောက်ရောပေါ့။ ပြန်မေး..ဖြေမယ်"
"ဟီးးး ကိုကို့ကို လက်ထပ်နိုင်မလား ညီ"
ဘေးကလူတွေကလဲ ဘာမှတောင်ဝင်မပြောပဲ အခြေအနေကိုသာ ဆက်လက်စောင့်ကြည့်နေကြသည်။"ဟုတ်...ညီ...ကိုကို့ကို လက်ထပ်ပါ့မယ်"
"Wooooooo"စိုင်းက လက်စွပ်ဘူးထဲမှ ရတုအတွက်ရည်ရွယ်ထားတဲ့လက်ထပ်လေးအား ယူပြီး စွပ်ပေးလိုက်သည်။
"ကိုကို့ ကိုလဲ ပြန်စွပ်ပေးနော်။"ရတုလဲ စိုင်းအားလက်စွပ်လေးပြန်စွပ်ပေးလိုက်သည်။
ရတုအမေကလဲ
"ကဲ.... ဒီလင်မယားနှစ် အိုအောင်မင်းအောင်တည့်မြတ်စွာပေါင်းရပါစေ။"ထိုစကားကိုကြားတော့ဦးမကလဲ
"အန်တီကလဲ...ဒီလင်လင်ဆိုရင်ပိုမကောင်းဘူးလား...ဟီးးး""ဟုတ်ပါပြီ ရှင်... ဒီလင်လင်ပါ.."အိမ်ထဲ၌ အားလုံး၏ ရီသံများပြည့်နှပ်သွားသည်။
စိုင်းက ရတုအားတင်းကြပ်စွာဖတ်ရင်း
"ညီစိတ်ချနော်...ကိုကိုလေ ညီ့ကို အသက်ထက်ဆုံးချစ်ပြီး စောင့်ရှောင်မှာပါ။ ညီလုံးဝစိတ်မညစ်စေရဘူး...."___________________
🔙🔙🔙🔙🔙🔙🔙🔙🔙🔙
ဟိန်းမှာလက်ထပ်တာတစ်လပြည့်ပင်မဲ့ ဇနီးနဲ့အတူမနေဘူး။ ဇနီးက မိမိအပေါ်ကောင်းတာတော့ ဝင်ခံပါရစေ။ မိမိသဘော မိမိစိတ်ကြိုက် နေ့တိုင်းလဲ မိမိစားချင်တာလေးတွေ မရိုးရအောင် ချက်ကျွေးတယ်။ အိမ်ထောင်ရှင်မကောင်းလဲ ပီသပါပေတယ်။ မိမိသာသူ့အပေါ်မေတ္တာရှိခဲ့လျှင် သူနဲ့မိမိတို့ရဲ့ အိမ်ထောင်ရေးမှာ ပျော်စရာဖြစ်မှာသေချာတယ်။
YOU ARE READING
Can't Lie (Unicode & Zawgyi)
General FictionUni "အချစ်ဆိုတာကိုမစဉ်းစားချင်ဘူးတကယ်ချစ်မိမှာကြောက်တယ်" ရတုမင်းထက် UKE "အချစ်ဆိုတာကိုညီနဲ့စခဲ့သလိုညီနဲ့ပဲအဆုံးသတ်ချင်တာအပြစ်လား" စိုင်းသုခ SEME - ------------------------------------------------------ ပထမဦးဆုံးရေတဲ့ခိုင့်ရဲ့ficလေးဖြစ်တဲ့အတွက်လိ...