P-28

951 55 2
                                    

Zaw

ဝေးတယ်လို့ ဘယ်ပြောလို့ရမလဲ။
အခုထိ ကျွန်တော့် ရင်ဖက်ထဲ
ရှိနေတဲ့ သူတစ်ယောက်ကို
ဝေးသွားတယ်လို့ ဘယ်ပြောလို့ရမလဲ။
ဈာန်ဧလွဏ်းပြည့်
စိုင်းသုခ

*ညီရာ...ဘယ်ထိတောင်ထွက်သွားရတာလဲ။ ကိုကိုတောင်းပန်ပါတယ်။ ပြန်လာခဲ့ပါ။ ညီ့ရဲ့ညီမလေးကိစ္စက ညီအထင်လွဲနေတာလေး ကိုကို နဲနဲတော့ ရှင်းပြခွင့်ပြုပါ။

ညီရာ ဘယ်ထိတောင်ထွက်သွားလို့။ ကိုကိုဘယ်လိုရှာရှာမတွေ့တာလဲ။*

စိုင်းက ရတုကို လူလွှတ်ပြီး နေရာအနှံ့ရှာဖွေခဲ့သည်။ သူကိုယ်တိုင်လဲ အငြိမ်မနေဘဲ တော်တော်များများနေရာတွေကို လိုက်ရှာခဲ့တယ်။

သတင်းအစအနတောင် ရှာမတွေ့ဘူး။ ပိရိစွာထွက်သွားနိုင်တဲ့ရတု။

"ကိုကို အရက်တော့မသောက်ဘူး။ ညီနဲ့နောက်ဆုံးထိတွေ့ခွင့်ရခဲ့တဲ့ညလေးထဲက။ အရက်ကို ကိုကိုအများကြီးမသောက်တတ်ပင်မဲ့ အဲ့နေ့ထဲက အရက်ကြောင့် ကိုကိုတော်တော်အိပ်ပျော်သွားလို့ ညီထွက်သွားတာတောင်မသိတာမှတ်လား။"

အမတစ်ယောက်ထဲ ကုမ္ပဏီကို ဦးဆောင်နေရတာ။ စိုင်းလဲ ခုချိန်ကျောင်းပြီးနေပြီမို့ တစ်ဖက်တစ်လမ်းကနေလဲ ကူညီနေတယ်။

ရတုကို ရှာတာလဲ လေးနှစ်မျှကြာပင်မဲ့ လက်လွှတ်မသွားဘူး။ လူလွှတ်၍လဲ အမျိုးမျိုး ရှာတယ်။ ရုံးပိတ်ရက်တွေမှာလဲ မိမိကိုယ်တိုက်ထွက်ရှာတတ်သေးတယ်။

"ကိုကြီးစိုင်း...ထမင်းချိုင့်လာပို့တာ။" လင်းသူရလေးက စိုင်းရုံးခန်းထဲကို ထမင်းချိုင့်လေးကိုင်ပြီး ဝင်လာတယ်။

"ငါ ခုလာခဲ့မယ်။"

စားပွဲခုံလေးပေါ်မှာ ထမင်းချိုင့်လေးအားဖွင့်ပြီး ချစ်ရသူအလာကိုစောင့်နေရင်း
*ကိုကြီးစိုင်းက ခုထိခန့်ညားနေတုန်းပဲနော်။ ရတုပျောက်သွားတာက ကျွန်တော့်အတွက် ဘုရားပေးတဲ့ဆုလာဘ်များလား။

ကိုကြီးစိုင်းက သူ့ကိုခုထိမမေ့သေးပင်မဲ့ ကျွန်တော့် အနားမှာ ကိုကြီးစိုင်းရှိနေသေးတာပဲ။ ကျွန်တော် ပျော်တယ်။ ကိုကြီးစိုင်းရဲ့ စိတ်တွေ ကျွန်တော့်ဆီမှာမရှိပင်မဲ့ ကိုကြီးစိုင်းက ကျွန်တော့်ဘေးမှာရှိနေတုန်းပဲ။*

Can't Lie (Unicode & Zawgyi)Where stories live. Discover now