ဟိုးအရင်တုန်းက သစ်တုံးလိုဦးနှောက်နဲ့သူ့ရဲ့လက်အောက်ငယ်သားတွေရဲ့စကားကို ယုံပြီး ဟိတ်ဟန်အများဆုံးမင်္ဂလာဆောင်ဝတ်စုံတွေကို ရွေးပြီး အရံတွေလည်းအများကြီးလုပ်ထားခဲ့တယ်။ ဖြစ်ချင်တော့ သူဝတ်စုံလဲလို့ရတယ်ဆိုတာကို ဝမ်ရှောင်းမိန်သိသွားပြီး အဟောင်းတွေကို လျှော်ပြီးသားမှမဟုတ်ရင် မဝတ်နိုင်ဘူးဆိုပြီးငြင်းတော့တယ်။

"ဒါတွေကို နှစ်ပေါင်းတစ်ထောင်ကျော်လောက်ဝတ်ပေးပြီး ဘယ်တုန်းကမှမလျှော်ခဲ့တာလား?!" ဝမ်ရှောင်းမိန် ရွံရှာနေတယ်ဆိုတာ အရမ်းသိသာတယ်။ ဝမ်ဖန်ဂျင် လျှာဖျားပေါ်က စကားလုံးတွေကို ပြန်မြိုချရုံသာတတ်နိုင်တော့တယ် : အဝတ်တွေအားလုံးက သဲဒဏ်ဖုန်ဒဏ်တွေကို ခံနိုင်ပါတယ်။

ဒါပေမယ့် ဝမ်ရှောင်းမိန်အကျီလဲတာကို မြင်နိုင်ဖို့အတွက် ဝမ်းပန်းတသာနဲ့ အဝတ်အစားအသစ်တွေ ယူလာပေးခဲ့တယ်။

ဒါပေမယ့် လူရမ်းကားလေးရဲ့အဆုံးသတ်က သိပ်တော့မကောင်းရှာဘူး။

ဝမ်ရှောင်းမိန်အဝတ်တွေ လဲပြီးတဲ့နောက်မှာ သူ့ရဲ့ညစ်ပတ်နေတဲ့အဝတ်တွေကို သူ့ဆီလှမ်းပေးပြီး လက်တစ်ဖက်နဲ့လည်း နှာခေါင်းကိုပိတ်ထားသေးတယ် "ဘော့စ် အဝတ်ဘယ်လိုလျှော်ရလဲဆိုတာ သိလား?"

ဝမ်ဖန်ဂျင် "..."

လေကိုဆင့်ခေါ်ကာ မုန်တိုင်းထန်စေနိုင်တဲ့ သမိုင်းတွင်ခဲ့အထိအစွမ်းကြီးမားတဲ့ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ်... ဒီလိုအရာလေးတောင် မသိဘူးဆိုတာ ဖြစ်နိုင်မှာလဲ!

တစ်ခါတုန်းက အစပိုင်းမှာဆင်းရဲခဲ့တာကြောင့် ဝမ်ဖန်ဂျင်က အလွန်ငယ်ရွယ်သေးတဲ့အချိန်တည်းက သူ့အဝတ်သူဘယ်လိုလျှော်ဖွတ်ရမယ်ဆိုတာ သိခဲ့တယ်။ အရမ်းကိုကြာညောင်းလှပြီဆိုပေမယ့်လည်း သူမှတ်မိနေသေးတယ်။

ဝမ်ရှောင်းမိန်ရဲ့ သနားစဖွယ်လုပ်ပြနေတဲ့အမူအယာကို ကြည့်ပြီး ဝမ်ဖန်ဂျင်လည်း မအီမသာနဲ့ခေါင်းငြိတ်ပြလိုက်ရတယ်။

အဆုံးမှာ တက်ကြွလှတဲ့ဝမ်ရှောင်းမိန်က သူ့ကို ဘေးနားကခန်းမဆီကနေ သစ်သားအင်တုံတစ်ခုရှာခိုင်းပြီး ဆောင့်ကြောင့်ထိုင်ကာ မြစ်ဘေးမှာ အဝတ်လျှော်ခိုင်းတော့တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now