စာစဉ် ၄၅ (၁-၈)

Start from the beginning
                                    

ထို့ အပြင် ပြိုင်ဘက်ကုမ္ပဏီကြီးဟု ယူဆ၍ရနိုင်သည့် ပညာ့အလင်းတွင် အနုပညာရှင် သုံးပုံနှစ်ပုံကို မွေးထုတ်ပေးနိုင်ခဲ့လေရာ
သူမသည် တော်တော်လေး အရည်အချင်းရှိသည်ဟု ဆိုနိုင်ပေသည် ။

ကိုယ်ရေးအချက်အလက်ထဲတွင် ဖော်ပြထားသည်တွင်တော့ မိသားစုအခြေအနေ သိပ်ကောင်းဟန်မရှိ ။ သို့ လင့်ကစား
သူမတွင် အကောင်းဆုံးကြိုးစားလိုစိတ် ရှိနေ၏ ။
၆ နှစ်အတွင်းမှာပင် မန်နေဂျာဟူသောအဆင့်အထိ တက်လာနိုင်ခဲ့ခြင်းမှာ သာမန်လူများထက် ပိုကြိုးစားခဲ့ပြီး အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော်ထားခဲ့ရပြီးပြီဟု ဆိုလိုပေသည် ။

ရီဝမ်ဝမ်၏ကုမ္ပဏီသည် အခုမှ ပထမခြေလှမ်း စလှမ်းမိရုံသာ ရှိသေးသည် ။ သူမအတွက် အရည်အချင်းရှိပြီး အလုပ်ကြိုးစားသည့်ဝန်ထမ်းများ လိုအပ်ပေ သည်….

ရီဝမ်ဝမ်သည် ထိုအလုပ်လျှောက်လွှာတို့ ကို ယောင်ကျားဝမ်ကို ပေးလိုက်ပြီး တစ်ခါတည်း စမ်းကြည့်ဖို့ပါ ဆုံးဖြတ်လိုက်၏ ။

“ယောင် မိန်းကလေး…စိတ်မရှိပါနဲ့  ။
ကျွန်မ အခုနက မိန်းကလေးရဲ့အလုပ်လျှောက်လွှာကို မြင်လိုက်တယ် ။ မိန်းကလေး အလုပ်ရှာနေသေးတုန်းလားဆိုတာ - သိလို့ ရမလား”

ယောင်ကျားဝမ်က ခေါင်းညိတ်လိုက်သည် ။

“ဟုတ်ပါတယ်…”

“အစောနကတုန်းက…. မိန်းကလေးက ပည့ာအလင်းမှာ အလုပ်လုပ်ဖူးတယ်လို့  ကျွန်မ တွေ့ လိုက်တယ် ။ ပညာ့အလင်းက ဒီအနုပညာလောကထဲမှာ တကယ်မဆိုးတဲ့ကုမ္ပဏီကြီး တစ်ခုပါ ။
မိန်းကလေး ဘာလို့ များ အလုပ်ထွက်လာခဲ့တာလဲ”

ရီဝမ်ဝမ် မေးလိုက်သည် ။

ယောင်ကျားဝမ်က မချိပြုံးပြုံးလိုက်ကာ….
“ဒီတိုင်း အပြိုင်အဆိုင်များတဲ့ကုမ္ပဏီမို့ ပါ ။
ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား…
ကျွန်မတို့ ကုမ္ပဏီက အမြဲတမ်း ရလဒ်ကိုပဲ ကြည့်တယ် ။ ကျွန်မတို့ တွေ သူ ပေးထားတဲ့နှုန်းကို အောင်မြင်အောင် မလုပ်နိုင်ရင် အလုပ်ထုတ်ခံရတာပါပဲ”

“ရှင့်ကို ကြည့်ရတာ ဒီလောကအကြောင်း ကောင်းကောင်းကြီး နားလည်မယ့်ပုံပဲ ။ ဒီအနုပညာလောကက ဖိအားအရမ်းများတယ် ။
တကယ်လို့  ပိုက်ဆံနဲ့  အဆက်အသွယ်မရှိဘူးဆိုရင် ဒီလောကမှာ ဆက်ရပ်တည်ဖို့ က မဖြစ်နိုင်သလောက်ပဲ.. ကျွန်မ ပညာ့အလင်းအတွက် ၆ နှစ်ကြာအောင် အလုပ်လုပ်ပေးလာခဲ့ပေမယ့် နောက်ဆုံးတော့လဲ ကန်ထုတ်ခံလိုက်ရတာပါပဲ…”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now