"ငယ် "

"အာ~ "

ခုမှရှက်ရှက်နဲ့ အကြည့်လွှဲသွားတဲ့ Kyung Soo
ပါးပေါ်ကသွေးကြောလေးတွေ ရဲနေတဲ့ထိကို ရှက်နေတာလား
မျက်နှာနုနုကို လက်နဲ့အုပ်ကိုင်ရင်း Yeol မရိပ်မိအောင် ခနငြိမ်နေရမယ်လေ

^ငယ့် ရင်ခုန်သံတွေ ကိုကို ကြားသွားမှာစိုးတယ်^

"ကိုကို ခြေထောက်ကျဥ်လို့"

"ဟင်~ ကိုကို ခုရောဘယ်လိုနေသေးလဲဟင်"

"နည်းနည်းပဲ... "

"ငယ့် ကြောင့်ပါ "

မျက်နှာလေးချက်ချင်းညှိုးသွားတဲ့ Kyung Soo ပုစိ

"ငယ့် ကြောင့်မဟုတ်ဘူးလေ"

"ဒါပေမယ့်..."

"ငယ် ခုရက်ပိုင်းထမင်းအများကြီး စားတယ်ထင်တယ် Piggy လေးဖြစ်လာပြီ ကိုယ်လုံးလေးက နစ်နေတာပဲ"

ပါးဖောင်းလေးတစ်ဖက်ကို အသည်းယားစွာဖျစ်ရင်းပြောတော့ စကားမပြောခင် နှုတ်ခမ်းအရင်စူလာတဲ့ Kyung Soo

"ကိုကို ကလည်းမဟုတ်ပါဘူး"

"ဟုတ်မှာပါ"

"မဟုတ်ပါဘူးဆို"

"အင်း ငယ် ဘာလို့လမ်းကိုကြည့်မလျှောက်တာလဲ"

"ဟို.. ဟိုလေ "

"ခု ကိုကို ရောက်မလာရင် ဘယ်လိုလုပ်မလဲ
ငယ် ထိခိုက်မိမှာပေါ့"

"ဟုတ်"

Kyung Soo ခေါင်းလေးငုံ့ မျက်လွှာလေးချပြီးပြောနေတာ အပြစ်လုပ်မိမှန်းသိတော့

"နောက်ဆိုသတိထားရမယ်နော် ကိုကို ငယ့် ကိုဂရုစိုက်မပေးနိုင်တဲ့အချိန် ငယ် ကကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်ရမယ် ဟုတ်ပြီလား"

"ဟုတ် ကိုကို"

"အိမ်မပြန်ခင် ကိုကို တို့မုန့်ဝင်စားရအောင်"

"ဖြစ်ပါ့မလား ကိုကိုရဲ့ မား သိသွားရင် ငယ်.."

"ကိုကို ခုနကျောင်းရှေ့မှာတွေ့လို့ပြောခဲ့တယ်"

"ဟုတ်"

"သွားကြမယ် လာ "

Yeol. Kyung Soo လက်ကိုကိုင်ပြီး ဆွဲခေါ်သွားတယ်

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now