အပိုင်း (၇၅)

65 7 0
                                    


unicode

အပိုင်း ( ၇၅ ) ယန္တရားသက်ရှိ

ထိုခဏအတွင်း

အနက်ရောင်အလင်းတန်းက ရောက်ရှိလာကာ ပက်ကြားအက်ရာကြီးအနားမှာဆင်းသက်လိုက်သည်။ ငွေရောင်အလင်းတောက်ပနေသည့် မျက်လုံးနှင့် ကာကွယ်စောင့်ရှောက်သူသည် ပက်ကြားအက်ရာကြီးအထဲကို ငုံ့ကြည့်လိုက်သည်။ ထိုအခိုက် သူ့မျက်လုံးအထဲမှာ မည်သည့်ခံစားချက်ကို မဖြစ်ပေါ်နေပေ။

အတန်ကြာ လေ့လာကြည့်ပြီးနောက် ၎င်း၏ ဓားကြီးကို ထောက်ထားကာ ထိုနေရာမှာပဲ စောင့်ကြပ်နေလိုက်သည်။

လိုဏ်ဂူနန်းတော်သခင်က ထိုနေရာအထိသာ စောင့်ကြည့်ထားဖို့ မှာထားခဲ့သည်​။ကျူးကျော်သူက ဤနေရာအထဲ မဝင်နေခဲ့လျှင် လိုက်ဖမ်းနေစရာ မလိုပေ။

***

​ဟူ ဟူ ဟူ

နားထဲမှာ လေတိုးသံများ အော်မြည်နေရင်း ရွှယ်ယင်သည် အောက်သို့ လျင်မြန်စွာကျဆင်းလာသည်။ သူ့တစ်ကိုယ်လုံးမှာလည်း မီးလျှံများဖြင့် လွှမ်းခြုံလာခဲ့ရာ ပက်ကြားအက်ရာကြီး၏ မြေအောက်ထဲက အရာအားလုံးကို အလင်းရောင် ထွန်းပေးနေသကဲ့သို့ရှိနေတော့သည်။

ဘုန်း.. ရွှယ်ယင်သည် အောက်ခြေသို့တိုင်အောင် ရောက်ရှိလာခဲ့သည်။

သူ အရှေ့ကို မျှော်ကြည့်လိုက်သည့်အခါမှာ ပက်ကြားအက်ရာကြီး၏ အောက်ခြေမှာလည်း လိုဏ်ဂူနန်းတော်အထိ ရှည်လျားနေလျက် ဆက်စပ်ရှိနေသည်ကို တွေ့လိုက်ရသည်။

" တိုက်ပွဲက လိုဏ်ဂူနန်းတော်မှာလည်း ဖြစ်ခဲ့တာလား.. "

ရွှယ်ယင်လည်း ထိုလမ်းကြောင်းအတိုင်း လှစ်ခနဲ ပြေးသွားလိုက်သည်။ သူ့အမြန်နှုန်းက အတော်လေး မြန်ပေသည်။ ပြေးရင်း အနောက်ကိုလည်း လှည့်ကြည့်လိုက်သည်။

ရွှယ်ယင် အသက်ပြင်းချလိုက်ကာ " တော်သေးတယ်.. ကာကွယ်စောင့်ရှောက်သူကဒီအထိ မလိုက်လာခဲ့လို့.. " ဟု ရေရွတ်လိုက်မိသည်။

ထိုမြေအောက်လမ်းကြောင်းအတိုင်း ရွှယ်ယင်လည်း ဆက်ပြီး ပြေးသွားလိုက်သည်။

Lord Xue YingWhere stories live. Discover now