Chapter 50

121 23 0
                                    

#unicode

အပိုင်း ( ၅၀ )   မှော်ဆရာတို့၏ ဆွေးနွေးမှု



နောက်တစ်နေ့ ဝေလီဝေလင်းအချိန်တွင်  မှော်ယာဥ်ပျံသည် စီရင်စုမြို့တော်က နဂါးတောင်အိမ်တော်သို့ ဆိုက်ရောက်သွားခဲ့သည်။

" ဒီနေ့ပဲ.. အဆုံးမဲ့လေပြေကျောင်းတော်ကို ပြန်သွားတော့မယ်.. ပေါက်ကွဲမှု ဖြစ်သွားပြီးနောက်ပိုင်းမှာ ကျွန်မရဲ့ ရေခဲချပ်ဝတ်နဲ့ ပတ်သတ်ပြီ အသိတစ်ခု ရသွားခဲ့လို့ပါ... ပြီးတော့ ပြန်ရောက်သွားခဲ့ရင် အဲ့ဒီမှာ ကျွန်မရဲ့ အသိအမြင်နားလည်မှုတွေနဲ့ ဆက်လက်ပြီ အချိန်ကြာကြာ လေ့လာရဦးမယ်.. ဒါကြောင့် အဇူရီမြစ်စီရင်စုဆီကို ပြန်လာဖို့က အချိန် တော်တော်ကြာဦးမှာပါ.."

ကျင့်ချိုးသည် မီးကဲ့သို့ ရဲရဲ နီတောက်သည့် ငှက်တစ်ကောင်အပေါ် ထိုင်လိုက်ပြီးနောက် ထိုစကားကို ရုတ်တရက် ပြောလိုက်မိသည်။

" အဆုံးမဲ့လေပြေကျောင်းတော်လား.. အဲဒီကို တစ်ခါမှာ ခြေမချဖူးဘူး.. အချိန်ရတဲ့အခါ အဲဒီကို သေချာပေါက် လာလည်ပါမယ်.."    ရွှယ်ယင်က ပေါ့ပါးစွာဖြင့် ပြောလိုက်သည်။

" အင်.."

ကျင့်ချိုးလည်း နောက်ထပ် ဘာစကားမှ မဆိုတော့ချေ။ အနီရောင်ငှက်ကလည်း စတင်၍ ပျံတက်သွားတော့သည်။ ၎င်းအပေါ်တွင် အစိမ်းရောင်အဝတ်နှင့် မှော်ဆရာမက ထိုင်လျက်သား စီးနင်းသွားသည်။ သူမ၏ ဆံနွယ်တွေက တဖျပ်ဖျပ် လှုပ်ခါနေရင်း အနီရောင်ငှက်ဟာ အဝေးသို့ ပျံသန်းထွက်သွားလေသည်။

ကျင့်ချိုးဟာ နောက်ဆုံးအကြိမ်အဖြစ် အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ အဝေးတွင် နဂါးတောင်အိမ်တော်က သေးသေးကွေးကွေး ဖြစ်နေလေပြီ။ ထို့နောက် သူမသည် တောင်အရပ်ဘက်သို့ ဆက်လက် ပျံသန်းသွားသည်။

***

ရွှယ်ယင်လည်း နဂါးတောင်အိမ်တော်ကနေ မြင်းစီး ထွက်လာခဲပြီးနောက် ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်သည်။ ထိုဆိုင်သည် မှော်ပစ္စည်းများ အထူးတလည် ရောင်းချသော ဆိုင်ဖြစ်၏။ မှော်ပညာရှင်များ ရှားပါးသည့်အတွက်ကြောင့် စျေးဝယ်သူတို့မှာလည်း နည်းပါးသည်။

Lord Xue YingWhere stories live. Discover now