အပိုင်း ၆၉

57 7 1
                                    


အပိုင်း ( ၆၉ ) ကြီးမြင့်သော အကျိုးထမ်းဆောင်ခြင်း

လေနက်ချောက်ကမ်းပါး ရှိရာနေရာသည် အလွန်မြင့်မားပြီး တိမ်ထုထဲတွင် ရောက်ရှိနေသည်။

တိမ်ထုပေါ်က မြင့်မားသည့် ကောင်းကင်ထက်တွင် လနက်ကင်းခြေများယာဥ်၌ ပိုင်ယွမ်ကျစ်၊ ချင်းရှီ၊ ကျုံးလိန်၊ ထုံစန်း၊ ခုံရိုယွဲ့၊ ဂျိရုံနှင့် စစ်ချန်တိ့ ရှိနေကြသည်။ ထိုသူအားလုံးက အောက်တွင်ရှိ လေနက်ချောက်ကမ်းပါးထက်က တိုက်ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

" လေနက်ချောက်ကမ်းပါး.. သူတို့က လေနက်ချောက်ကမ်းပါးမှာပဲ ရှင်မလား သေမလားဆိုတာကို တကယ်ပဲ ဆုံးဖြတ်ကြတော့မှလား.." ပိုင်ယွမ်ကျစ်က အံ့အားသင့်စွာ ပြောလိုက်သည်။

လေနက်ချောက်ကမ်းပါးဘေးတွင် လေနက်ချောက်နက်ကြီးရှိပြီး အထဲတွင် လေဝဲကြီးကလည်း ရှိနေသည်။ ထိုလေပွေလေဝဲကြီးက အလွန်ပြင်းထန်ရကား အဆုံးမသတ်နိုင်သော လေပြင်းများဖြင့် ကမ္ဘာကို တုန်လှုပ်ချောက်ချားစေနေသည့်အလား ရှိနေသည်။ ကြီးမားသည့် လေပြင်းလေဝဲကြီးကို ကြည့်ကြရင်း ပိုင်ယွမ်ကျစ်တို့မှာ ကြောက်ရွံ့စွာ ခံစားလာကြသည်။

ထိုကဲ့သို့ အနက်ရောင် လေပြင်းများကြားတွင် လေနက်ချောက်ကမ်းပါးထိပ်၌ လူနှစ်ယောက်က သဲသဲမဲမဲ တိုက်ခိုက်နေကြဆဲပင်။

" အဲဒီနေရာက အရမ်းကို အန္တရာယ်များတယ်.. မြေကြီးကနေ ခြေထောက်ကြွမိတာနဲ့ လက်ထဲမှာလည်း ဆွဲထားစရာ မရှိရင်တော့ လေနက်ချောက်နက်ကြီးထဲကို ဆွဲပါသွားမှာပဲ.." ဟု ပိုင်ယွမ်ကျစ်က ရှင်းပြလိုက်သည်။

" လေနက်ချောက်နက်ကြီးထဲကို ဆွဲပါသွားရင်တော့ ကျုပ်တို့လို သေမျိုးတွေက သေမှာ မုချပဲ။ အထွတ်အထိပ်အဆင့်တွေလောက်ပဲ ဒီအခြေအနေမျိုးမှာ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါလိမ့်မယ်.."

" အဲဒီလူ ရှင်းဖန်းယွင်က ဘာလို့ ကျွန်တော်ရဲ့ အစ်ကိုကြီးကို လိုက်သတ်ရတာလဲ.."

ချင်းရှီက တုန်ယင်စွာဖြင့် မေးလိုက်သည်။

" သူက ကျွန်တော်ကို သတ်ချင်နေတာ မဟုတ်ဘူးလား.. သူနဲ့ အစ်ကိုကြီး ကြားထဲမှာ မုန်းတီးနေတာမှ မရှိတာ.. ဘာကြောင့် လေနက်ချောက်ကမ်းပါးမှာ အသက်နဲ့ ရင်းပြီး အစ်ကိုကြီးနဲ့ တိုက်ခိုက်ရတာလဲ.."

Lord Xue YingWhere stories live. Discover now