Chapter 2

1.7K 134 0
                                    


Chapter 2. အထွတ်အထိပ်

အရှင်သခင်ရွှီယင်
+++++++++++

ညအချိန်

တုန်ပိုရွှီယင်တစ်ယောက် သူ့ရဲ့ အိပ်ယာခေါင်းရင်းမှာ မှီိပြီး
တော့ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ နွေးထွေးပြီး အိ
စက်တဲ့ စောင်တစ်ထည်လည်း ခြုံထားသည်။ သူ့ကုတင်
ဘေးနားမှာ မီးခရစ္စတယ်တစ်လုံးရှိနေပြီးတော့ အဲ့ဒီက
ထွက်လာတဲ့မီးအလင်းရောင်က အခန်းတစ်ခုလုံးကို
လင်းထိန်စေသည်။

သူဖတ်နေတဲ့ စာအုပ်နာမည်က
" ကြီးမြတ်တဲ့ သူရဲကောင်းဆယ်ယောက် အကြောင်း.. "

ဒီစာအုပ်က အတ္ထုပတ္တိဝတ္ထုရှည်စာအုပ် ဖြစ်ပြီး တုန်ပိုရွှီယင်
အကြိုက်ဆုံး စာအုပ်လည်းဖြစ်သည် ရွှီယင်က ဒဏ္ဍာရီလာ
သူရဲကောင်းအကြောင်းတွေကို အရမ်းသဘောကျသည်။
တုန်ပိုရွှီယင်က ဆွေကြီးမျိုးကြီးမိသားစုက မွေးလာပြီး သူ့
အမေကလည်း မှော်ဆရာတစ်ယောက်ဖြစ်တာကြောင့်
သူ့မှာ မိသားစုပိုင် စာအုပ်တွေ အများကြီးရှိသည်။ သူက
ဒီစာအုပ်တွေကို ငယ်ငယ်ကတည်းက ဖတ်လာခဲ့ရတော့
သူ့မှာ ဗဟုသုတအများကြီး ရှိနေပြီဖြစ်သည်။

ဥပမာအားဖြင့် သူရဲကောင်းတွေကို
လူသား.. မြေကြီး.. ကောင်းကင်.. ဥက္ကာပျံ..ငွေလ.. ဒဏ္ဍာရီ
နှင့် အထွတ်အထိပ် ဆိုပြီး အဆင့်ကြီး ရ ဆင့် ခွဲခြားထား
တာကို သူသိနေပြီးဖြစ်တယ်..။

ပြီးတော့ အဆင့် ရ ဆင့်တွေကို အုပ်စု ၃ စု ထပ်ပိုင်းထားပါ
သေးတယ်။ မော်တယ်(သေမျိုး)အုပ်စုရယ် ကြယ်အုပ်စု
နဲ့ အထွတ်အထိပ်ဆိုပြီး ခွဲထားတယ်။

လူသား ၊ မြေကြီး ၊ ကောင်းကင် အဆင့်ရှိတဲ့ သူရဲကောင်း
တွေကို မော်တယ်သူရဲကောင်းလို့ ခေါ်ကြတယ်။

ဥက္ကာပျံ ၊ ငွေလ ၊ ဒဏ္ဍာရီ အဆင့်ရှိတဲ့ သူရဲကောင်းတွေက်ု
ကြယ်သူရဲကောင်းဟု သတ်မှတ်ထားတယ်။

ကြယ်သူရဲကောင်းအထက်မှာ အထွတ်အထိပ်သူရဲကောင်း
ရှိတယ်။

အဲဒီအဆင့်ကြီး ၃ ဆင့်က တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်
သွားဖို့ကို အရမ်ခက်ခဲတယ်။ဥပမာပြရရင် တုန်ပိုရွှီယင်ရဲ့
အဖေနဲ့ ဦးလေးထောင်တို့က ကောင်းကင်သူရဲကောင်း
အဆင့်မှာရပ်နေတာ ကြာပြီး ဖြစ်တယ်။

Lord Xue YingWhere stories live. Discover now