စာစဉ် ၄၄ (၁၅+၁၆)

Start from the beginning
                                    

ဇာတ်လမ်းရှု့ပ်နေသည်မှာ
လင်းမိုလီသည် မှတ်ဥာဏ်တို့  ပျောက်ဆုံးသွားခဲ့ပြီးနောက် အကျိုးဆက်အနေဖြင့် မှတ်ဥာဏ်တို့  ရှုပ်ထွေးလာကာ
စိတ်ခံစားချက်တို့ ပါ ဟိုမရောက်ဒီမရောက် ရှု့ပ်ထွေးလာခြင်းပင် ။

ထိုဇာတ်ညွှန်းနမူနာကို နားလည်ဖို့ အတွက်
ရီဝမ်ဝမ် တော်တော်အချိန်ယူရမည့်သဘော ရှိသည် ။ သူမလက်ထဲတွင် ရောက်နေသည်မှာ ဇာတ်ညွှန်းအကြမ်းဖျင်းသဘောသာ ဖြစ်နေသဖြင့် ဆင်တူသည့်ဇာတ်လမ်းများကို လိုက်ရှာကာ ထိုဇာတ်လမ်းတို့ ကို အရင် လေ့လာကြည့်ပြီးမှ ကျန်းယန်ရန် ပြင်ဆင်ဖို့ ရာ အတွက် ကူညီပေးရမည် သာ။

နောက်နေ့ များတွင် ရီဝမ်ဝမ်သည် စံပယ် လူရွေးပွဲအတွက် အလုပ်ရှုပ်နေသည် ။ ကုန်ရွှီနှင့် လျိုချန်းတို့ ဘက်တွင် အရာအားလုံးသည် ချောမွေ့ နေသည် ။ တစ်နေ့ လျှင် ငါးမိနစ်လောက် ကုန်ရွှီ၏ငှက်ဆိုးထိုးသံ ကြားရခြင်းမှလွဲလျှင် အကုန် ချောမွေ့ ပေသည် ။

ညဘက်တွင် ရီဝမ်ဝမ်သည် သူမဖုန်းက အချိန်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားလေသည် ။

စီရီဟန် အခုထိတိုင် ပြန်ရောက်မလာသေးပေ ။

စီရီဟန်သည် အခုတလော အလွန်တရာအလုပ်ရှုပ်နေဟန်ပင် ။ ညတိုင်း ညဥ့်နက်မှ ပြန်ပြန်လာရသဖြင့် သူမလေးနှင့် တန်တန်ကို နှိုးမိမှာ စိုးလေသောကြောင့် ခုရက်ပိုင်းတွင် ကျင်းဥယျာဉ်တွင်သာ သူ ပြန်နေဖြစ်နေလေသည် ။

အဲ့ဒီလူကြီ…နဲနဲလောက် နေပြန်ကောင်းလာတာနဲ့ 
ဘယ်လိုလုပ် ချက်ချင်း အလုပ်မှအလုပ် ပြန်ဖြစ်သွားရတာလဲ…

ရီဝမ်ဝမ်သည် တန်တန်၏နဖူးပြင်လေးကို မွှေးကြူလိုက်ပြီး အသာလေးထလိုက်ကာ အ၀တ်အစားလဲလိုက်သည် ။

ဘာပဲဖြစ်နေနေ သူမ ဒီတိုင်း ငြိမ်မနေနိုင်တော့သဖြင့်
ကျင်းဥယျာဉ်ဆီ သွားဖို့ ရာ ဆုံးဖြတ်လိုက်တော့သည် ။

မကြာခင် ကားသည် ၀င်ပေါက်ဝကို ရောက်ရှိလာလေပြီ ။

လသာသာညအချိန်အောက်တွင် ရီဝမ်ဝမ် မြင်လိုက်ရသည်မှာ…
ဝေဆာနေသည့်ပန်းပွင့်ကြီးတွေ၊ သစ်သီးတွေ ၊
သူမ စိုက်ပျိုးထားခဲ့သည့် ဟင်းသီးဟင်းရွက်တွေ ၊ တော်တော်လေးပင် ဖြစ်ထွန်းနေလေပြီ ။ ထို့ ပြင် လေထုထဲတွင် လတ်ဆတ်သည့်ရနံ့ တို့ ပါ သင်းကြိုင်နေလေသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now