Part-2

608 74 7
                                    

Unicode

8:00 PM in Seoul/ 8:00 AM in Death World

*Phone Rings*

စားပွဲပေါ်တွင်တင်ထားသော ဖုန်းကမြည်လာသည်မလို့ TaeHyungယူကိုင်လိုက်သည်။

"Hello. . "

"Hello. . Mr.Kim ssi ဒီနေ့ နယ်မြို့တစ်ခုမှာ မတော်တဆမှုဖြစ်ပြီးလူတွေအများကြီးသေလို့ ဆိုးလ်က ဝိဉာဉ်တွေကို ကောက်ပေးမယ့် သူမရှိဘူး အဲ့တာကြောင့် GrimReaperအကြီးအကဲက Mr.Kimပဲဖြစ်ဖြစ် Mr.Parkပဲဖြစ်ဖြစ်သွားခေါ်ပေးပါလို့ ပြောခိုင်းလိုက်လို့ပါ"

TaeHyungအရမ်းစိတ်ညစ်သွားသော်လည်း GrimReaperအကြီးအကဲကခိုင်းသည်မလို့ မလုပ်ရင်လည်းအပြောခံရဦးမည်။

"အင်း သွားခေါ်ပေးမယ် နေရာတွေကို Mailနဲ့ပို့လိုက်"

ဖုန်းကျသွားသည်နှင့် လေလေးတချွန်ချွန် ဖြင့်အိမ်သာထဲမှထွက်လာသော Jiminကို TaeHyungကရုပ်တည်ဖြင့်ပြောလိုက်သည်။

"Jimin. . GrimReaperအကြီးအကဲက ဆိုးလ်မှာဝိဉာဥ်သွားခေါ်မယ့်သူမရှိလို့ မင်းကိုသွားခေါ်ခိုင်းထားတယ် နေရာတွေကိုငါMailနဲ့ပို့ခိုင်းထားတယ် အဟမ်း"

TaeHyungရဲ့လေသံရော ချောင်းဟန့်သံရောကြောင့်ပါJiminတစ်ခါတည်းသိလိုက်သည်။ KimTaeHyung ငါ့ကိုတစ်ပတ်ရိုက်နေပြီဟူ၍။

"Ya! အပိုမလုပ်နဲ့ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်လို့ပြောတာမလား လာပြီးအကွက်မရွှေ့နဲ့ အတူတူပဲသွားမယ်"

TaeHyungလည်းအကြံအစည်မအောင်မြင်သဖြင့် ဆူပုတ်ပုတ်ဖြစ်သွားရသည်။

"အာ....ParkJiminလိုအရပ်ပုနေတဲ့သူက ဒီဟာကိုဘယ်လိုလုပ်သိသွားတာလဲ"

TaeHyungတိုးတိုးလေးပြောသော်လည်း Jiminကကြားသွားကာ ပွစိပွစိလုပ်နေသေးသည်။
TaeHyungလူတွေကြားထဲလျှောက်မသွားချင်တာလည်းအကြောင်းတော့ရှိသည်။ လူတွေကအန္တရာယ်များတယ်။သူလည်းတစ်ချိန်ကလူဖြစ်ခဲ့ဖူးပေမယ့် တော်တော်ကြာလို့မေ့တောင်မေ့နေပြီ။

တံခါးဘေးမှာရှိသည့်ခလုတ်ကိုနှိပ်လိုက်သည်နှင့် ဆိုးလ် တစ်နည်းအားဖြင့် လူ့ကမ္ဘာကိုပြန်ရောက်သွားသည်။ ဆိုင်အပြင်ဘက်တွင်တော့ အကုန်လုံးကလှုပ်လှုပ်ရှားရှားဖြင့် မီးရောင်စုံများနှင့်စည်ကားနေသည်။ ည8နာရီသာရှိသေးတာကြောင့် စကားသံများ ရယ်သံများဖြင့် ဆူညံနေသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 24, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Twisted FateDonde viven las historias. Descúbrelo ahora