Part-1

1.7K 96 2
                                    

Unicode

၂၀၂၀ခုနှစ်၊ဆိုးလ်မြို့

လှပသော အဝတ်အစားများကို Mannequinများတွင်ဝတ်ဆင်ပေးထားကာ မှန်များဖြင့်ကာထားသော မျက်နှာဆာတွင် ခင်းကျင်းပြသထားသည့် Tailor shopတစ်ခု။ ကြီးမားသောဆိုင်းဘုတ်ကြီးကိုလည်း အပြင်တွင်ချိတ်ဆွဲထားသည်။

"ဂျေ-မွန်း အပ်ချုပ်ဆိုင်"

အပ်ချုပ်ဆိုင်ထဲရှိ ကောင်တာတွင် ထိုင်နေသည်က အသက်နှစ်ဆယ်အရွယ်အမျိုးသားတစ်ယောက်။ အနီရောင်Suitကို ကျကျနနဝတ်ဆင်ထားတာ ဆံပင်မီးခိုးရောင်ကိုလည်းသေသေသပ်သပ်ဖီးထားသည်။

သတင်းစာကိုလက်ထဲတွင်ကိုင်ကာ ပြုံးနေသည်။ မျက်လုံးများမှိတ်သွားသည်အထိ။

တစ်ဖက်တွင်တော့ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်း တိုင်းပေးနေသော အမျိုးသားတစ်ယောက်။ နက်ပြာရောင်Suitကိုဝတ်ဆင်ကာ ပေကြိုးကို လည်ပင်းအနောက်တွင်ချိတ်ထားသည်၊ ပါးစပ်မှလည်းတတွတ်တွတ်ဖြင့် ကိန်းဂဏန်းများကိုရေရွတ်နေသည်။

ကိုယ်တိုင်းတိုင်းပေးပြီးသည့်အခါ လေးထောင့်ဆန်ဆန်အပြုံး ကိုပြုံးပြရင်း နှုတ်ဆက်လိုက်သည်။

"Ma'am အော်ဒါတင်သွားတဲ့ ဝတ်စုံက နောက်အပတ်ဆိုရပါမယ်နော် ကျေးဇူးတင်ပါတယ်"

ထိုအမျိုးသမီး ဆိုင်ထဲကထွက်သွားသည်နှင့်တစ်ပြိုင်နက် ဆိုင်အတွင်းတွင်ရှိသော နံရံကပ်နာရီမှ အသံမြည်လာသည်။

- ညနေ ၆:၀၀ -

ထိုအမျိုးသားနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးရင်း ဆိုင်တံခါးများကိုပိတ်လိုက်သည်။ဆိုင်တံခါးဘေးတွင်ရှိသော ခလုတ်ကိုနှိပ်လိုက်ရာ အပြာရောင်အလင်းတန်းများထွက်ကာအကုန်ဝေဝါးသွားသည်။

နာရီသည်လည်းအလိုလိုလည်ပတ်ကာ မနက်ခြောက်နာရီသို့ရောက်သွားသည်။ အပြင်တွင်လည်း တခြားကမ္ဘာတစ်ခုကဲ့သို့ပင်ပြောင်းလဲသွားသည်။

ဆိုင်အပြင်ဘက်ရှိ ဆိုင်းဘုတ်တွင်လည်း အမည်ပြောင်းသွားသည်။

"ဂျုအွန်းအွီမွန်း" (Gate of death)

______________________________

Twisted FateWhere stories live. Discover now