"လင်းလက် ငါတောင်းပန်ပါတယ်"
ရောင်နီရှိုင်းလည်း ကားမောင်းရင်းပြောလိုက်သည်။"ရပါတယ် ဘာမှမဖြစ်ပါဘူး။
ကာယကံရှင်ဖြစ်တဲ့ကိုမိုးတိမ်ထွဋ်တောင်ဘာမှမပြောတာ လင်းလက်နဲ့ကဘာဆိုင်လို့ တောင်းပန်စရာလိုမှာလည်း""ဒါပေမယ့် လင်းလက်သဘောကျနေတဲ့သူကို ငါဖက်မိသွားတာလေ။ငါမှားတာပေါ့"
"ဖက်မိသွားတာပဲ။တမင်ဖက်တာမှမဟုတ်တာ ရပါတယ်"
"အင်းပါ"
ရောင်နီရှိုင်းလည်းဘာမှဆက်မပြောတော့ပေ။"ဒါနဲ့ လင်းလက်တို့ စာမေးပွဲနီးနေပြီနော်"
"ဟုတ်တယ် ကိုရှိုင်း။
ဆယ်တန်းတွေနဲ့သိပ်မကွာဘူး။သူတို့ပြီးရင်လင်းလက်တို့ဖြေရမှာ။""စာတွေက ရနေပြီလား"
"စာတွေကတော့ရနေပါပြီ"
လင်းလက်ရွှေရည်လည်းအသံလေးကတိမ်ဝင်သွားသည်။"ဘာပြသနာရှိလို့လည်း လင်းလက်"
ဝမ်းနည်းသံဆွတ်နေ၍ ရောင်နီရှိုင်းလည်းမေးလိုက်သည်။"စာမေးပွဲပြီးရင် လင်းလက်တို့မင်္ဂလာပွဲလည်း နီးလာပြီလေ။ဟန်ဆောင်လက်ထပ်တာအဆင်ပြေပါ့မလား။နောက်ပြီး ကိုမိုးတိမ်ထွဋ်..."
လင်းလက်ရွှေရည်လည်း ဆက်မပြောတော့ဘဲစကားရပ်လိုက်သည်။"ကိုမိုးတိမ်ထွဋ်ကဘာဖြစ်လို့လည်း ဆက်ပြောလေ လင်းလက်"
"ဘာမှမဟုတ်ပါဘူး သူတကယ်ထင်သွားမှာစိုးလို့ပါ"
"ထင်ပါစေ"
"ရှင်..!"
ကိုရှိုင်းရဲ့စကားကြောင့်လင်းလက်ရွှေရည်အံ့အားသင့်သွားသည်။"သူသာရိပ်မိသွားရင် တစ်ခြားလူတွေပါသိကုန်မှာလေ အဲ့ဒါကြောင့်ပါ။နောက်ပြီး ငါတို့ဟန်ဆောင်လက်ထပ်တာကို သူ့ကိုပေးမသိနဲ့ သူကအဓိကပဲ"
"ဘာလို့အဓိကလည်းဟင်"
"ဘာမှမဟုတ်ပါဘူး။ဒီတိုင်းပဲပြောလိုက်တာပါ"
ရောင်နီရှိုင်းလည်းလင်းလက်ကိုပြုံးပြလိုက်သည်။ထို့်နောက် ရှေ့ကိုအာရုံပြန်စိုက်ရင်း တစ်ချက်ပြုံးလိုက်ပြန်သည်။ဒီအပြုံးကတော့ မူမတူဘဲကွဲပြားနေသည်။
YOU ARE READING
At the end of the hate(Completed)
Romanceအဓိက က ငါအောင်မြင်ဖို့ပဲ ငါအောင်မြင်ဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရငါလုပ်မှာပဲ ငါဆိုတဲ့လူက ငါလိုချင်တာကိုရဖို့အတွက် ဘယ်နည်းသုံးရသုံးရငါသုံးမှာပဲ အထူးသဖြင့် မင်းလိုလူကို အပိုင်သိမ်းရဖို့ဆိုရင် ငါလူသတ်ဖို့တောင်ဝန်မလေးဘူး #မိုးတိမ်ထွဋ် ခင်ဗျားရဲ့သွေးစွန်းနေတ...
အပိုင်း(၁၈)
Start from the beginning