Extra - 3 (Married life)

17.2K 1.7K 156
                                    

#For Zawgyi

အသာရဲ့ပညာသင်ခရီးအတွက် သူကိုယ်တိုင်ဖန်တီးစေလွှတ်ခဲ့ပေမယ့်လည်း တကယ်တမ်းခွဲရတဲ့အချိန်မှာ လွမ်းရတဲ့ခံစားမှုက မသက်သာလှပါ ။ နင့်နေအောင်ကို ခံစားရပါသည် ။ ဆေးရုံကနေ duty ပြီးတဲ့အခါ စောင့်ကြိုနေသူမရှိတဲ့အိမ်ကိုပြန်လာရတဲ့ ခံစားချက်ကတော့ အဆိုးရွားဆုံးပင် ။

ဆေးရုံမှာ သူများ duty တွေကို အစားထိုးဆင်းပေးခြင်းဖြင့် အလုပ်တွေဖိလုပ်ရင်း အချိန်များကို ကျော်လွန်ပစ်နေရသည် ။ ပင်ပန်းသမျှအမောတွေကိုတော့ ညဘက်မှာ အသာနဲ့ video call ပြောရင်း ဖြေဖျောက်ရ၏ ။ ဆေးရုံမှာ ဘယ်လောက်ပဲ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရပါစေ...Laptop  မျက်နှာပြင်ကတစ်ဆင့် သူ့ကလေးလေးမျက်နှာကို မြင်လိုက်ရုံနဲ့ စိတ်တို့က ပြန်လည်လန်းဆန်းရပါသည် ။

ပညာသင်ဖို့ သူပြောတုန်းက ငြင်းဆန်ခဲ့တဲ့ကလေးဟာ အခုကျတော့လည်း ကြိုးစားသင်ယူနေရတဲ့ ဒီအခြေအနေမှာ အသားကျပျော်မွေ့နေဟန်ကြောင့် သူလည်း စိတ်ချမ်းသာမိရ၏ ။

" အသာလေး ဒီနေ့ရော အားလုံးအဆင်ပြေတယ်မဟုတ်လား "

" ဟုတ် ပြေတယ် အကို ၊ ဆရာကြီးက ကျွန်တော့်ကို အများကြီးတိုးတက်လာပြီလို့ပြောတယ် "

Laptop မျက်နှာပြင်မှာ မြင်ရတဲ့ ခပ်ပြုံးပြုံးမျက်နှာလေးကိုငေးရင်း ကြားလိုက်ရတဲ့စကားအပေါ်မှာ ထပ်တူကျေနပ်ကြည်နူးရသည် ။

" အကိုက ပိန်သွားသလိုပဲ "

" မပိန်ပါဘူး အသာရဲ့ ၊ စိတ်ထင်လို့ဖြစ်မှာပါ ၊ ဒါနဲ့ အဲ့ဒီမှာ စားရသောက်ရတာရော အဆင်ပြေရဲ့လား "

သူပိန်သွားတာ မှန်ပေမယ့်လည်း ကလေးငယ်စိတ်မကောင်းမှာစိုးတာကြောင့် စကားလမ်းကြောင်းကို လွှဲပစ်ရသည် ။ သူ့ကိုစိတ်ပူရင်း သူ့ကလေးလေးက စိတ်မဖြောင့်လက်မဖြောင့်ဖြစ်နေမှာမျိုးကို မလိုလားပါ ။ ပညာကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ သင်ယူစေချင်ပါသည် ။

" ပြေပါတယ် အကိုရဲ့ ၊ ဆရာကတော်က ဟင်းချက်တအားကောင်းတာ ၊ ကျွန်တော့်ကို ယိုးဒယားအစားအစာတွေရော မြန်မာအစားအစာတွေရော အမျိုးမျိုးချက်ကျွေးနေလို့ လူက နည်းနည်းတောင် ဝချင်ချင်ဖြစ်လာပြီ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now