Extra - 2 (Married Life)

15.5K 1.7K 125
                                    

#For Zawgyi

အခုဆိုရင် သူနဲ့အသာရဲ့ အိမ်ထောင်သက်က နှစ်နှစ်ကျော်ခဲ့ပြီ ။ ဒီနှစ်နှစ်ကျော်အတွင်း သူက ထူးထူးခြားခြား ပြောင်းလဲခဲ့တာမျိုးမရှိပေမယ့် သူ့ကလေးလေး အသာကတော့ လူငယ်တွေအကြားမှာ ရေပန်းစားနေတဲ့ စာရေးဆရာပေါက်စလေး ဖြစ်လာခဲ့ပါ၏ ။

အသာရေးသားထုတ်ဝေခဲ့သော စာအုပ်လေးအုပ်စလုံးက ထုတ်သမျှကုန်ကာ အတော်ကြီးအောင်မြင်ခဲ့သည်ဟုပြောရမည် ။ လေးအုပ်မြောက်စာအုပ်ထွက်တုန်းကဆိုလျှင် ပရိတ်သတ်တောင်းဆိုမှုနှင့် လက်မှတ်ထိုးပွဲတွေဘာတွေပြုလုပ်ရသည်အထိ အသာ့အောင်မြင်မှုက ထွန်းပေါက်လာခဲ့၏ ။

အရင်က အမြဲတမ်းလိုလို မဝံ့မရဲဖြစ်နေရတဲ့ကလေးငယ်ဟာလည်း အခုဆိုရင် သူ့ရဲ့ကြိုးစားမှုရလဒ်အပေါ်မှာ အနည်းငယ်တော့ ရဲဝံ့လာခဲ့ပြီ ။

သူ လိုချင်တာကလည်း ဒါပဲဖြစ်သည် ။

တန်းစီပြီးစောင့်နေတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ စာအုပ်လေးတွေပေါ်မှာ ခေါင်းငုံ့ကာ လက်မှတ်ထိုးပေးနေတဲ့ အသာ့ပုံစံက သူအမြင်ချင်ဆုံး အမျှော်လင့်ဆုံး အသွင်သဏ္ဍာန်တစ်ခုပါပေ ။

သို့သော်လည်း သူဟာ ကလေးလေးနဲ့ပတ်သက်ရင် ထိုမျှလောက်အောင်မြင်မှုနဲ့ မတင်းတိမ်နိုင်သေးချေ ။ လောဘကြီးတယ်ဟုပဲဆိုဆို ထိုကလေးလေးအား ဒီထက်မကသော အောင်မြင်မှုမျိုးကို ဖန်တီးပေးချင်သေးသည် ။

ဆေးရုံကနေ အိမ်ပြန်လာတဲ့တောက်လျှောက် သူ့ခေါင်းထဲမှာ ကလေးငယ်အား ပြောပြချင်သည့် အကြောင်းအရာတို့က အစီအရီ ။ သူ့အစီအစဉ်ကို ကလေးငယ်လက်ခံအောင် ဘယ်လိုပြောရမလဲ တွေးရင်းတွေးရင်းနှင့် အိမ်သို့ဘယ်လိုရောက်လာမှန်းတောင် မသိတော့ချေ ။

အိမ်ထဲဝင်လာသည်အထိ အသာ့အား မတွေ့ရသေး ။ ထမင်းစားခန်းဆီမှ အသံတချို့ကြောင့် သူဝင်သွားမိတော့ အသာက Apron ဝတ်လျက်သားနှင့် အလုပ်ရှုပ်နေလေသည် ။

" ဟော အကိုပြန်လာပြီလား ၊ ကျွန်တော် ကားသံတောင်မကြားလိုက်မိဘူး ၊ အတော်ပဲ...ညစာလည်း အဆင်သင့်ဖြစ်ပြီ ၊ အကို ဗိုက်ဆာပြီလား "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now